၅၃။ နောက်ယောင်ခံလိုက်ခံရခြင်း - ၂

1.6K 186 1
                                    

၅၃။ နောက်ယောင်ခံလိုက်ခံရခြင်း - ၂

သည်နှစ်များမှာ လောင်ချီက ဂျန်ချင်းကို လုံးဝဥဿုံ တာဝန်ခံ စောင့်ရှောက်ခဲ့သည်။ လင်းအိမ်တော်၏ အရေးကိစ္စများမှာ ပါဝင်ပတ်သက်ခြင်း မရှိခဲ့ပေ။ ညဖက် ဂျန်ဝုရှီက ခိုးထွက်သည့်အခါမှာ အရိပ်စောင့်ရှောက်သူများက သူမ နောက်မှ လိုက်ပါစောင့်ရှောက်ခဲ့သည်။ လောင်ချီကိုယ်တိုင် သူမကို စောင့်ရှောက်စရာ မလိုအပ်ခဲ့ပေ။

သူမ၏ ဆေးပညာက အတော့်ကို မြင့်မားလွန်းနေ၍ သူတို့က လူများစွာကို တကယ်စည်းရုံးသိမ်းသွင်းနိုင်တော့မည် ဖြစ်သည်။

ဂျန်ဝုယောင်းက အနည်းငယ် မျက်မှောင် ကြုတ်သွားသည်။ သူမကို မည်သည့်စကားကိုမျှ မပြောစေလိုမူ၍ သူက သူမကို မျက်နှာချင်းဆိုင်အောင် ပြန်လှည့်ယူကာ သူမခါးလေးကို လက်တစ်ဖက်ဖြင့် သိုင်းဖက်ထားပြီး နောက်လက်တစ်ဖက်ဖြင့် သူမမေးရိုးကို ကိုင်၍ သူမမျက်နှာကို မော့စေလိုက်သည်။

လရောင်အောက်တွင် တိုင်းပြည်များကိုပင် လှုပ်ခတ်စေနိုင်သည့် မျက်နှာလေးကို ရိုးရိုး သာမန်မျက်နှာက အစားထိုးထားသည်။

ဂျန်ဝုယောင်း၏ သန်မာသည့် လက်ချောင်းထိပ်ဖျားများက ညင်သာစွာ သူမ၏ နူးညံ့သည့် နှုတ်ခမ်းများပေါ်တွင် ဖိကပ်လာပြီး သူက ရိသဲ့သဲ့ အပြုံးဖြင့် စနောက်လိုက်သည်။

“အတော် အရုပ်ဆိုးတာပဲ” မထူးခြားသည့် မျက်နှာသွင်ပြင်ဖြင့် သူ့ကို ပြန်ကြည့်နေသည့် ထိုမျက်နှာစိမ်းကို သူက တကယ်ပင် လုံးဝ ပွတ်သပ် ဖျက်ပစ်ချင်လာသည်။

“ဒါဆိုလည်း မကြည့်နဲ့ပေါ့” ဂျန်ဝုရှီက မျက်မှောင်ကြုတ်သွားသည်။ သူ ဘာတွေးနေသလဲ သူမက တကယ် နားမလည်နိုင်ချေ။

သူက လင်းအိမ်တော်တွင် နေထိုင်ခဲသည်။ သူ့တည်ရှိမှုကို အလွန် ရှာဖွေရခက်သည်။ သူက တစ်ခါတရံ ရုတ်တရက် ပေါ်လာပြီး သူမကို အံ့အားသင့်စေသည်။ တစ်ခါတရံ အရိပ်အယောင်ကိုပင် မမြင်ရပေ။ သူ အရင်က ပြောခဲ့ဖူးသလို, သူက လင်းအိမ်တော်ပေါ် မုန်းတီးမှု မရှိဟူသည့် စကားအတိုင်း သူက မည်သူ့ကိုမျှ ထိခိုက်အောင် မလုပ်ပေ။ သူက ယာယီ သူတို့၏ မှတ်ဉာဏ်များကို ကလိထားသည်သာ ရှိသည်။ လူများကို သူ့ကို မြင်လျှင် သူ့ဇာစ်မြစ်ကို မှတ်မိလာမည် ဖြစ်ပြီး သူ့ကို မမြင်ရလျှင် သူ့ကို စဉ်းစားမိမည်ပင် မဟုတ်ပေ။ သူက ဂျန်ရှင်းယန်နှင့် ဂျန်ချင်းဘေးတွင် မရှိလျှင် သူ့တည်ရှိမှုကို လူတိုင်းက မေ့သလောက် ဖြစ်သွားတတ်ကြသည်။

ပါရမီရှင်သမားတော်Where stories live. Discover now