၁၈၁။ ချင်းယန်ကလန်၏ စွမ်းအား - ၃

1.2K 90 0
                                    

၁၈၁။ ချင်းယန်ကလန်၏ စွမ်းအား - ၃

“နင့်ဖက်က ကိစ္စတွေက ပြီးသွားပြီလား” ဂျန်ဝုရှီက အဝေးကို ကြည့်ရင်း မေးသည်။

မိုချင်းယွမ်က ပြန်ပြောသည် “နင် အစီအစဉ်ချထားသလို ငါ အကုန်လုံး စီမံထားပြီးပြီ၊ ဘိုင်ယန်ရှင်းအန်ကို အိမ်ရှေ့စံနန်းဆောင်ကို ပြောင်းရွှေ့ထားတယ်၊ ချင်းယန်ကလန်က လူတွေ ဘာသံသယမှ မဝင်အောင် အဲမှာ အကုန်စီမံထားတယ်၊ သူတို့ချင်း တွေ့ရင်တောင် ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး။” မိုချင်းယွမ်က ဂျန်ဝုရှီကို ကြည့်၍ တုံ့ဆိုင်းဆိုင်းဖြင့် မေးသည် “နင် ဘိုင်ယန်ရှင်းအန်ကို သူမကတိ ထိန်းမယ်လို့ စိတ်ချသလား၊ သူတို့ အဖွဲ့သားတွေနဲ့ တွေ့လို့ ဖော်ကောင်လုပ်လိုက်ရင် ဘယ်လို လုပ်မလဲ။”

“ပြီးခဲ့တဲ့ ရက်တွေက သူ တွေ့မြင်ခဲ့တဲ့ အရာက သူမကို ဘယ်လို ရွေးချယ်ရမလဲဆိုတာကို ပြောလိမ့်မယ်။” ဂျန်ဝုရှီက သူမလက်ဖက်ရည်ကို သောက်သုံးရင်း ပြောသည်။ လက်ဖက်ရည်က သင်းပျံ့နေသည်။

“နင်က မိုရွှမ်ဖေးကို ကြောက်စရာပုံစံပြောင်းသွားအောင် လုပ်တာ ဒီရည်ရွယ်ချက်ပေါ့ဟုတ်လား” မိုချင်းယွမ်က သဘောပေါက်လာ၍ အံ့အားသင့်သွားသည်။ မိုရွှမ်ဖေး ပုံစံက လွန်ခဲ့သည့် ရက်များက သူ့ကို မြင်ရသူများအား ကြောက်ရွံ့ခြင်းကြောင့် ဖြူဖပ်ဖြူရော် ဖြစ်သွားစေသည်။ သူ့ခန္ဓာကိုယ်မှ အသားများက ဆွေးမြေ့သွားခဲ့သည်။ သူ့ကို ညစ်ပတ်နေသည့် အကျဉ်းထောင်တွင် ပိတ်လှောင်ထားစဉ်မှာ ဆွေးမြေ့ကျလာသည့် သူ့အနာများက ကြွက်များ ပုရွက်ဆိတ်များ လောက်များကို အငမ်းမရ ဆွဲဆောင်နိုင်ပြီး သူ့ကို စားသောက်ကြသည်။ သို့အတွက် သူ၏ ဆွေးမြေ့ခြင်းဖြစ်စဉ်က ဆောလျင်စွာ ပြီးဆုံးသွားရသည်။

မိုရွှမ်ဖေး၏ ဆွေးမြေ့ပုပ်သိုးခြင်းဖြစ်စဉ်ကို မိုချင်းယွမ်က ကိုယ်တိုင် တွေ့မြင်ခဲ့ရသည်။ သူ၏ ခန္ဓာကိုယ်နေရာစုံမှာ အရိုးများ ပေါ်ထွက်လာသည်အထိ အသားမျှင်မျှင်လေးသာ ကျန်တော့အောင် ဆွေးမြေ့ပျက်စီးသွားခဲ့သည်။ သူက အလောင်းကောင်နှင့်ပင် တူနေချေသည်။ သို့သော်လည်း အသားများက နောက်တစ်ဖန် ပြန်လည် ဖြစ်ပွားလာပြီး ထပ်တလဲလဲ စက်လည်နေခဲ့သည်။

ပါရမီရှင်သမားတော်Where stories live. Discover now