၁၈၉။ ဝိညာဉ်ကျောက်စိမ်း - ၁

1.2K 94 0
                                    

၁၈၉။ ဝိညာဉ်ကျောက်စိမ်း - ၁

ဖုံးကွယ်နေသည့် ဂျန်ဝုရှီက သက်ဝင်လှုပ်ရှားလာသည်။ သူမက ချင်းယန်ကလန်မှာ အခြားရည်ရွယ်ချက်ရှိတာကို သံသယဝင်ခဲ့တာ ကြာခဲ့ပြီ။

မိုချင်းယွမ်၏ ငြင်းဆန်မှုကို ရင်ဆိုင်ရလျှင်, ချင်ယုယန်က လိုရင်းကိုပင် တိုက်ရိုက်ပြောတော့သည် “အရိုးသားဆုံး ပြောရရင်, ချီတိုင်းပြည် အုပ်စိုးသူ ပြောင်းလဲသွားတာ ငါတို့ မျှော်လင့်ထားသလို မဟုတ်ခဲ့ဘူး၊ ဒီ့အရင်က, ဘုရင်ဟောင်းနဲ့ ငါ့အဖေတို့ သဘောတူညီထားတဲ့ အပေးအယူကိစ္စတစ်ရပ်ရှိတယ်၊ ယန်ရှင်းအန် အလည်လာတဲ့ ရည်ရွယ်ချက်က ပစ္စည်းတစ်ခုကို ပြန်သိမ်းယူဖို့ပဲ၊ သူမ သိမထားတာပဲ ရှိတယ်၊ အရင်ဘုရင်ဟောင်းက နတ်ရွာစံသွားပြီဆိုပေမဲ့, ဒီအပေးအယူက တည်ရှိနေတုန်းပဲ၊ ဒါ့ကြောင့် အရှင်မင်းကြီးက ငါတို့အဖေရဲ့ အလိုဆန္ဒကို လိုက်နာပေးနိုင်ဖို့၊ အပေးအယူကို အပြည့်အဝ ဖြည့်ဆည်းပေးဖို့ မျှော်လင့်ပါတယ်။”

“ဘာ အပေးအယူလဲ” သည်တစ်ကြိမ်တွင် မိုချင်းယွမ်က တကယ့်ကို ခေါင်းရှုပ်သွားသည်။ ချင်းယန်ကလန်နှင့် လျှို့ဝှက် အပေးအယူကိစ္စကို သူ လုံးဝ မကြားဖူးခဲ့ပေ။

“ဒါက ဝိညာဉ်ကျောက်စိမ်းပါ” ချင်ယုယန်က လိုရင်း တိုရှင်း ပြန်ပြောသည်။

“ဝိညာဉ်ကျောက်စိမ်းလား” မိုချင်းယွမ်က တုန်လှုပ်သွားသည်။

“ဟုတ်တယ်, ချီတိုင်းပြည်ဘုရင်မှာ ဝိညာဉ်ကျောက်စိမ်းပိုင်း နှစ်ခု ရှိတယ်၊ ချီတိုင်းပြည်ကို ထူထောင်ခဲ့တဲ့ ဘုရင်ကြီးက လက်လွှဲပေးခဲ့တာ၊ ဒီကျောက်စိမ်းပိုင်းနှစ်ခုက မူလက အပြည့်အစုံ တစ်ခုတည်းရယ်၊ ချီတိုင်းပြည်ကို ထူထောင်ခဲ့တဲ့ ဘုရင်ကြီး နှစ်ပိုင်းပိုင်းပြီး တစ်ပိုင်းကို သိမ်းထားပြီး, တစ်ပိုင်းကိုတော့ ဂျန်မိသားစုက, ဂျန်ရှင်းယန်ကို ချီးမြှင့်ပေးခဲ့တယ်၊ ဝိညာဉ်ကျောက်စိမ်းက မင်းကြီးအတွက် သင်္ကေတတစ်ခုသာ ဖြစ်ပေမဲ့, ချင်းယန်ကလန်အတွက်တော့ အရေးကြီးတဲ့ အရာဝတ္ထုပဲ၊ ငါတို့ ချင်းယန်ကလန်က တန်ဖိုးကြီးမားတဲ့ ဆေးဝါးတွေ ဆေးလုံးတွေနဲ့ လဲလှယ်ဖို့ ဆန္ဒရှိတယ်၊ ပြီးတော့ အရင်ဘုရင်ကလည်း ဒါကို သဘောတူညီခဲ့တယ်၊ ငါ ခရီးထွက်လာတာကလည်း ဒီရည်ရွယ်ချက်ပါတယ်၊ အရင်ဆုံး ယန်ရှင်းအန်ကို ပြန်ခေါ်မယ်၊ ပြီးရင် ချီတိုင်းပြည်နဲ့ အပေးအယူကို လုပ်မယ်ပေါ့၊ ယန်ရှင်းအန်က အစောကတည်းက ချင်းယန်ကလန်ကနေ သက်စောင့်ဆေးတွေ ဆေးလုံးတွေကို ယူဆောင်လာခဲ့ပြီးပြီ၊ ဒီတော့ အရှင်မင်းကြီးက ငါတို့ကို ဝိညာဉ်ကျောက်စိမ်း အပိုင်းအစ နှစ်ခုကို လွှဲအပ်ပေးဖို့ တောင်းဆိုပါတယ်။” ချင်ယုယန်က စစချင်းပင် သူမ၏ တောင်းခံချက်ကို ရှင်းလင်းအောင် ပြောပြသည်။ အသံက နူးညံ့ချိုသာသည်။ သို့သော် အဆုံးသတ်မှာတော့ တောင်းခံတာ မဟုတ်ဘဲ မရအရ တောင်းဆိုနေခြင်းပင် ဖြစ်သည်။

ပါရမီရှင်သမားတော်Where stories live. Discover now