၁၄။သုံးယောက် တစ်အုပ်စု

1.8K 221 0
                                    

၁၄။သုံးယောက် တစ်အုပ်စု

ဒုတိယမင်းသားလေးနှင့် ဂျန်ဝုရှီအကြား စေ့စပ်ထားသည်ကို ပယ်ဖျက်လိုက်သည့် ဘုရင့်အမိန့်စာက နောက်တနေ့မှာပင် ရောက်ရှိလာခဲ့သည်။

ယမန်နေ့က ဒုတိယမင်းသားလေး၏ တိုက်ခိုက်ခံရခြင်းက ဂျန်ဝုရှီနှင့် ပတ်သက်နေမည်ဟူ၍ ထင်မြင်ယူဆထားကြသည်။ မည်သို့ပင် ဖြစ်စေ, စေ့စပ်ခြင်းကို ပယ်ဖျက်လိုက်ခြင်းက အချိန်ကိုက် ဖြစ်ပေါ်လာ၍ ထိုထင်မြင်ချက်ကို ပိုမို၍ သက်သေပြသလို ဖြစ်သွားစေသည်။

နေပြည်တော်အတွင်း ဂျန်ဝုရှီ၏ ဂုဏ်သတင်းက နိမ့်ဆင်းနေသည်။ ကောလာဟလများ ပြန့်နှံ့ပြီးနောက် လူတိုင်း၏ ပါးစပ်ဖျားမှာ သူမက အလွန်ကြမ်းကြုတ်သည့် မိန်းမဟူ၍ ပြောစရာ ဖြစ်လာခဲ့ရသည်။ ဒုတိယမင်းသားလေး၏ ချောမောခန့်ညားသည့် အကြည့်ကြောင့် ကြွေဆင်းကုန်သည့် အမျိုးသမီးများက သူမ၏ အပြုအမူကို ရစရာ မရှိအောင် ပြောဆိုဝေဖန်နေကြတော့သည်။

ထိုပရမ်းပတာအဖြစ်အပျက်များအားလုံးက လင်းအိမ်တော်၏ ပတ်ပတ်လည်မှာ ဖြစ်ပျက်နေခဲ့သည်။ အိမ်တော်အတွင်းမှာတော့ အရာအားလုံးက တည်ငြိမ်အေးချမ်းနေ၏။ ဂျန်ဝုရှီက သူမ၏ အခန်းထဲမှာပင် အဖြူရောင်စာချုပ်ဝိညာဉ်ကို လေ့လာရင်း အလုပ်များနေလျက် ရှိသည်။

လင်းအိမ်တော်၏ စာကြည့်ခန်းထဲတွင် ဂျန်ရှင်းယန်က အမျက်ထွက်နေ၏။ ဘုရင်မင်းမြတ်၏ အမိန့်တော်စာချွန်ကို ဆွဲမဆုပ်ပစ်မိရန် မနည်း ထိန်းချုပ်ထားရသည်။ “ကောင်းတယ်, အားကြီး ကောင်းတယ်၊ အခုတော့ ငါက အိုပြီး အသုံးမကျတော့ဘူးဆိုတော့ လူတိုင်းက ငါ့မြေးမလေးကို အနိုင်ကျင့်ဖို့ တွေးနေကြပြီပေါ့” သူက လက်သီးတင်းတင်း ဆုပ်၍ အံကြိတ်လိုက်သည်။ သူက ဘုရင့်အမိန့်စာချွန်တော်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားလျက်။

ဂျန်ချင်းက အရင်ရက်မှ အဖြစ်အပျက်ကို ပြောပြခဲ့သည်။ ဘုရင့်အမိန့်တော်က မကြာခင် ရောက်လာမည်ကို သူက တွေးထင်ထားသော်လည်း အရေးကြီးသည့် အချိန်အခါနှင့် ချိန်သားကိုက်ပြီးမှ ရောက်လာမည်ကိုတော့ မမျှော်လင့်ခဲ့ပေ။ အမိန့်တော်ကို လက်ခံရရှိခြင်းက ဂျန်ဝုရှီက တိုက်ခိုက်ရာတွင် ပါဝင်ခဲ့သည်ဟူသည့် ထင်မြင်ချက်နှင့် အတူ ကောလာဟလများကို ပိုမို အုတ်အော်သောင်းနင်း ဖြစ်ခွင့်ပေးလိုက်ခြင်းပင် ဖြစ်သည်။

ပါရမီရှင်သမားတော်Where stories live. Discover now