၁၅၅။ ပြပွဲစတင်ခြင်း - ၂

1.4K 108 2
                                    

၁၅၅။ ပြပွဲစတင်ခြင်း - ၂

ဂျန်ဝုရှီက မျက်လုံးပင့်၍ စိတ်လှုပ်ရှားနေသည့် မိုချင်းယွမ်ကို ကြည့်လိုက်သည်။

“ယုလင်းစစ်တပ်က နေပြည်တော်ထဲမှာပဲ တစ်ချိန်းလုံး ပုန်းအောင်းနေကြရတယ်၊ သူတို့ထဲမှာ သစ္စာဖောက်တွေ ရှိနေတယ်လို့ လူတွေက တွေးထင်နေကြတယ်၊ သစ္စာဖောက်တွေကို ဖော်ထုတ်ပေးဖို့ သူတို့က ငါ့ကို အသနားခံစာ တင်ထားကြတယ်” မိုချင်းယွမ်က သူခံစားနေရသည့် စိတ်လှုပ်ရှားမှုကို မထိန်းသိမ်းနိုင်ဘဲ အံ့အားတသင့် ရှင်းပြနေသည်။ သူက ဂျန်ဝုရှီ၏ အစီအစဉ်ကို သိသည်။ သူမက ရူလင်းစစ်တပ်ကို ထိန်းထားပြီး ပြည်သူများထံမှာ ထောက်ခံမှုရအောင် စောင့်ဆိုင်းနေခြင်း ဖြစ်သည်။

ကြီးမားသည့် အခက်အခဲဖြင့် ရင်ဆိုင်နေရချိန်မှာ မိုချင်းယွမ်က အဆိပ်ဖြေဆေးများကို လူများထံ ဖြန့်ဖြူးပေးခဲ့ပြီး လှည့်ကွက်အားလုံးကို ဖြေရှင်းပြီး အကျိုးအမြတ်ကို ရရှိအောင် လုပ်ဆောင်ခဲ့သည်။ ပြည်သူလူထုက အိမ်ရှေ့စံကို သောင်းသောင်းဖျဖျ ထောက်ခံကုန်ကြသည်။ သူတို့စိတ်ထဲမှာ ရှိနေခဲ့သည့် အိမ်ရှေ့စံ၏ ယောင်တိယောင်န အမူအရာအားလုံးက ပျက်စီးသွားကြလေပြီ။

ဂျန်ဝုရှီ၏ စီမံကိန်းက စိုးစံသူကို ပြောင်းလဲပစ်ရန် ဖြစ်သည်။ သို့သော်လည်း သူမက လင်းအိမ်တော်ကိုလည်း ဂုဏ်သိက္ခာမြင့်မားစေလိုသည်။ သို့အတွက်ကြောင့်ပင် သူမက အခွင့်အရေးကို စောင့်နေခဲ့ခြင်း ဖြစ်သည်။ အခုတော့ ဘိုင်ယန်ရှင်းအန်က သည်အခွင့်အရေးကို ငွေလင်ပန်းနှင့် လက်ဆောင်ပေးခဲ့ပြီ။ ပယ်ဖျက်လျှင် ရိုင်းရာကျမည်ပေါ့။ သနားစရာကောင်မလေး၏ ခံစားချက်ကို နာကျင်စေလျှင် ရိုင်းရာကျမည်ပေါ့။

သည်တစ်ကြိမ် မိုချင်းယွမ်နှင့် ရူလင်းစစ်တပ် နှစ်ဦးစလုံးက နန်းတော်တွင်းသို့ ဝင်ရောက်ရန် သင့်လျော်သည့် အကြောင်းပြချက် ရရှိသွားခဲ့လေပြီ။

ဘုရင်ကြီးက သူတို့ကို ရပ်တန့်လိုက်လျှင်, သူက ပြစ်မှုကျူးလွန်သူများနှင့် ပူးပေါင်းသူ ဖြစ်သွားလိမ့်မည်။

ပါရမီရှင်သမားတော်Where stories live. Discover now