၅၁။ မျက်နှာကို အခါခါ ဖြတ်ရိုက်ခြင်း - ၃

1.6K 189 0
                                    

၅၁။ မျက်နှာကို အခါခါ ဖြတ်ရိုက်ခြင်း - ၃

ဂျန်ဝုရှီက သူ့လက်ချောင်းဖျားများမှ ကျဆင်းသွားသော တပြောင်ပြောင်တလက်လက် ကြယ်တာရာမှုန်လေးများကို ကြည့်နေစဉ် ခံစားချက် အနည်းငယ်ကိုမျှ သူ့မျက်နှာမှာ ပြသမနေပေ။

လူတိုင်းက နေရာမှာပင် ကြက်သေ သေကုန်သည်။ သူမကို ကြည့်၍ အံ့အားသင့်ကုန်ပြီး မျက်လုံးပြူးကာ ပါးစပ်ဟောင်းလောင်း ဖြစ်ကုန်သည်။

မိုရွှမ်ဖေးနှင့် ဘိုင်ယန်ရှင်းအန်တို့က သိသာစွာပင် မျက်နှာမည်းသည်းသွားကြ၏။

အစကတည်းက သည်ကောင်လေးက သူတို့ကို ဖားယားဖို့ စိတ်မဝင်စားခဲ့ချေ။ သည်ကောင်လေး၏ လုပ်ရပ်က သူတို့ ပါးကို အခါခါ ဖြတ်ရိုက်တာနှင့် အတူတူပင်။

သူမလက်မှ အကြွင်းအကျန် အမှုန်များကို အပြီးသတ် ခါထုတ်လိုက်ပြီး သူမက မိုးရွှမ်ဖေးကို မျက်လုံးချင်း ဆုံကြည့်လျက် သူမလက်သန်းကို လည်ပင်းပေါ်ကို ကြက်ခြေခတ်ပြလိုက်သည်။ သူမက သူ့ကို စော်ကားကြည့်ဖြင့် ကြည့်လိုက်သည်။

မိုရွှမ်ဖေးက အမျက်ခြောင်းခြောင်းထသွားသည်။ ရုတ်တရက်‌ ပေါက်ကွဲထွက်မတတ် ဖြစ်သွားသည်။ လည်ပင်းကြောကြီးများက ပွယောင်းထွက်လာကြသည်။

သည်နေရာက တစ္ဆေမြို့တော်သာ မဟုတ်လျှင် သူက သည်ဝင့်ကြွားလွန်းသော ကောင်လေးကို အကြိမ်ကြိမ် သတ်ပြီးနေလောက်ပြီ။

ဘိုင်ယန်ရှင်းအန်က သူမ၏ အောက်နှုတ်ခမ်းကို ဖိကိုက်ထားသည်။ သူမက ဂျန်ဝုရှီကို အစိမ်းလိုက်ဝါးစားမတတ် စူးစူးရဲရဲ ကြည့်နေမိသည်။

မိုရွှမ်ဖေး၏ အမူအရာကို အားရကျေနပ်စွာ ကြည့်ပြီး၍ ဂျန်ဝုရှီက လှည့်လိုက်ပြီး အရှေ့ပိုင်းပုလဲကိုးလုံးထည့်ထားသည့် သေတ္တာငယ်လေးကို ဖိုသီဖတ်သီလူငယ်လေးအား လှမ်းပေးလိုက်သည်။

ပါရမီရှင်သမားတော်Where stories live. Discover now