၆၅။ အိမ်ရှေ့စံမင်းသား - ၁

1.5K 171 0
                                    

၆၅။ အိမ်ရှေ့စံမင်းသား - ၁

ဂျန်ဝုရှီက မျက်လွှာချ၍ ငြိမ်သက်စွာသာ ထိုင်နေသည်။ သူ့မြင်ကွင်းထဲမှာ မည်သူမျှ ရှိမနေချေ။ ဆူညံပွက်လောရိုက်နေတာက သူမနှင့် ဘာမျှ မသက်ဆိုင်သလိုလို။ သူမက အစွဲအလန်းကင်းရှင်းစွာ ထိုင်နေမြဲ ထိုင်နေသည်။ သူမက အရောတဝင်မနေဘဲ လောကကြီးမှာ သူတစ်ယောက်တည်း ရှိနေသလိုလို။

သိမ်မွေ့သည်, ဖြူစင်သည်, ထူးကဲသာလွန်သည့် အလှရှိသည်, သည်စကားလုံးများက မဆိုင်းမတွပင် သူတို့ စိတ်ထဲမှာ ပေါ်လာကြသည်။

သူမ၏ သီးခြားဆန်သည့် အမူအရာက သူမကို ချည်းကပ်ရ မလွယ်ကူ ဖြစ်စေသည်။ သို့သော် ကြည့်ရှူသူများကို ကြာရှည်စွာ စွဲထင်စေသည်။

သူတို့က သည်အရာကို ဝန်မခံချင်သော်လည်း အစစ်အမှန်အားဖြင့် ဂျန်ဝုရှီက မည်သို့ပင် ဖြစ်စေ, ကိုယ်နှုတ်အမူအရာအားဖြင့် ဖြစ်စေ, ကျက်သရေအားဖြင့် ဖြစ်စေ, သိသာထင်ရှားစွာ တိုးတက်လာခဲ့သည်။

သူမက အလွန် နှိမ့်ချစွာ ထိုင်နေသည်။ လူများက သူမကို မေ့ပျောက်သွားလုမတတ်ပင် နှိမ့်ချနေခြင်း ဖြစ်သည်။ သို့သော် သူမအပေါ် အကြည့်ရွှေ့ပြီး သူမ၏ သိမ်မွေ့သည့် အပြောင်းအလဲကို တွေ့မြင်ရပြီး နောက်ပိုင်း, သူမကို စိတ်မဝင်စားဘဲ မနေနိုင်ကြတော့ချေ။

ဂျန်ဝုရှီကို လေ့လာအကဲခတ်ပြီးနောက် သူတို့က ဘိုင်ယန်ရှင်းအန်ထံ အကြည့်ကို ရွှေ့လိုက်ကြသည်။

ဘိုင်ယန်ရှင်းအန်က သူတို့ ယခင် တွေးထင်ထားသလောက် လှပကြော့ရှင်းပုံ မပေါ်တော့ပေ။

အစစ်အမှန် ရေခဲနတ်သမီးလို လှပကြော့ရှင်းခြင်းဂုဏ်ကို ဂျန်ဝုရှီထံ လွှဲပြောင်းလိုက်သလို ဖြစ်သွားသည်။ ဘိုင်ယန်ရှင်းအန်က နေရာဖယ်ပေးချိန် ရောက်နေလေပြီ။

“ချင်းယွမ်, မင်း မူးနေပြီ” ဘုရင်ကြီးက မျက်မှောင်ကြုတ်လိုက်သည်။ ဆိတ်ဆိတ်နေသည့် အိမ်ရှေ့စံက ဘာလို့ ရုတ်တရက် ဂျန်ဝုရှီအတွက် ပြောပေးရသနည်း သူ နားမလည်ပေ။ သူ ရှင်းရှင်းလင်းလင်း မှတ်မိနေတာက, သူတို့ တွေ့ဖူးတာ ဒီတစ်ကြိမ်နှင့်မျှ နှစ်ကြိမ်သာ ရှိသေးသည်။ မိုချင်းယွမ်က သူမအပေါ် အကောင်းမြင်စိတ် မရှိခဲ့ချေ။

ပါရမီရှင်သမားတော်Where stories live. Discover now