၆၇။ အိမ်ရှေ့စံမင်းသား - ၃

1.5K 164 2
                                    

၆၇။ အိမ်ရှေ့စံမင်းသား - ၃

ချက်ချင်းပင် ကြောင်နက်လေးက တကယ့်ကို ကြီးမားသည့် ကျားသစ်နက်အသွင်သို့ ပြောင်းသွားတာလား။

ကျားသစ်နက်၏ ကြီးမားသည့် ခန္ဓာကိုယ်က မိုချင်းယွမ်ကို မြေပြင်ပေါ်တွင် ဖမ်းချုပ်ထားစဉ် ဂျန်ဝုရှီက သူ့ဘေးနားသို့ လျှောက်လှမ်းလာသည်။

“ငါက အရေးမပါတဲ့ စကားတွေကို ပြောတတ်တဲ့သူ မဟုတ်ဘူး၊ နင်သာ အရူးတစ်ယောက်မဟုတ်ရင်, မကြာခင် ဘာဖြစ်လာမလဲဆိုတာ နင် သိလာလိမ့်မယ်။”

ဂျန်ဝုရှီက ကိုယ်ကို ညွှတ်ကိုင်းလိုက်ကာ သူမ၏ ဖြူဖွေးသေးသွယ်သည့် လက်လေးဖြင့် သူ့မေးစေ့ကို တင်းကျပ်စွာ ကိုင်လိုက်သည်။ သူမ လက်ချောင်းများက နူးညံ့ပုံ ပေါ်နေသော်လည်း အရမ်းသန်မာမည်ဟူ၍ မည်သူက ထင်မှတ်မည်နည်း။ သူမက ကျင့်သားရနေဟန်ဖြင့် သူ့ပါးစပ်ကို ဖွင့်လိုက်ကာ ဆေးလုံးတစ်လုံးကို ပစ်ထည့်လိုက်ပြီး သူ့ရင်ဘတ်ကို ရိုက်လိုက်သည်။ သည်အရာက စက္ကန့်ပိုင်းမျှသာ ကြာသည်။ ရိုးရှင်းသည်၊ မြန်သည်၊ တိကျသည်။

သူ မတုံ့ပြန်နိုင်ခင်မှာပင် သူမ ပစ်ထည့်လိုက်သည့် ဆေးလုံးကို မျိုချပြီး ဖြစ်သွားသည်။

“ဘာ...ဘာလုပ်လိုက်တာလဲ...” သူ့ နှလုံးက လျင်မြန်စွာ ခုန်လာပြီး သူက သူမကို နီရဲနေသည့် မျက်လုံးများဖြင့် ကြည့်လိုက်သည်။ သူမက ဘာကို စီမံနေသလဲ သူ မသိသဖြင့် သူမကို အနည်းငယ် ကြောက်လန့်လာသည်။

“အနက်ကောင်လေး, သူ့ကို မျက်လုံး ဒေါက်ထောက် ကြည့်ထား” သူမက သူ့ကို ဘာမှ ပြန်မပြောတော့ဘဲ ကျောက်တုံးစားပွဲသို့ လျှောက်လှမ်းသွားပြီးလျှင် ကျောက်တုံးထိုင်ခုံပေါ်တွင် အေးအေးလူလူ ထိုင်နေ၏။

မိုချင်းယွမ်က လွတ်မြောက်ဖို့ ရုန်းကန်နေသည်။ ကျားသစ်နက်ကြီးက ၎င်း၏ ပါးစပ်ကို ဖွင့်၍ မာန်ဖီကာ သတိပေးလိုက်သည်။ ၎င်း၏ ခေါင်းက အောက်စိုက်ကျလာပြီး သူ့အနေအထားက မိုချင်းယွမ်၏ လည်မျိုကို ထက်မြိသော သူ့သွားများဖြင့် ကိုက်တော့မည့်ပုံ ပေါက်နေသည်။

ပါရမီရှင်သမားတော်Where stories live. Discover now