၃၅။ ပြောင်းလဲခြင်း - ၁

1.7K 203 0
                                    

၃၅။ ပြောင်းလဲခြင်း - ၁

ဂျန်ဝုရှီ၏ အမြင်မှာ သူ့ဦးလေး၏ လမ်းမလျှောက်နိုင်ခြင်းက အဆိပ်အာနိသင် အလွန်ပြင်းထန်ခြင်းကြောင့် မဟုတ်ပေ။ တကယ်တော့ သည်ကမ္ဘာရှိ သမားတော်များက အလွန်ညံ့ဖျင်းခြင်းကြောင့် ဖြစ်သည်။

ထိုပြဿနာက သည်ကမ္ဘာပေါ်ရှိ သမားတော်များမှာ မရှိခဲ့ဖူးသည့် ပြဿနာဟူ၍ သူမက တစ်ခါမှ တွေးမိမည် မဟုတ်ပေ။ သူမက အလွန် အတော်အတန် ထူးခြားနေသောကြောင့် ဖြစ်သည်။ သူမ၏ ဆေးပညာအရည်အချင်းက မခန့်မှန်းနိုင်သည့် အဆင့်သို့ ရောက်ရှိနေခဲ့ပြီ။ သူ့ဦးလေး၏ ခြေထောက်ကို ကုသပေးခြင်းက တက္ကသိုလ်ဘွဲ့ရတစ်ယောက်က မူလတန်း‌ကျောင်းသားလေး၏ အိမ်စာကို လုပ်နေရသည်နှင့်ပင် တူနေသည်။ အရည်အချင်းက ထိုမျှလောက် ကြီးမားစွာ ကွဲပြားလွန်းလှသည်။

“ဟုတ်တယ်” သူမက စိတ်လှုပ်ရှား ပျော်ရွှင်နေသည့် သူတို့ကို ပြန်ပြောလိုက်သည်။

သူတို့ တိတ်ကျသွားသည်။ သို့သော် သူတို့က အချက်အလက်များစွာကို စဉ်းစားသုံးသပ်နေသဖြင့် သူတို့၏ မျက်လုံးများမှာ တောက်လောင်နေသည့် မီးလျှံကို တွေ့မြင်နိုင်သည်။

လင်းအိမ်တော်က ဆက်ခံသူ မရှိသဖြင့် နိမ့်ပါးလာခဲ့ရသည်။ သို့သော် ဂျန်ချင်းသာ တစ်နှစ်အတွင်း ပြန်လည် ကောင်းမွန်လာပြီး သူ့အထွတ်အထိပ်သို့ ‌ရောက်ရှိခဲ့ပါက လင်းအိမ်တော်က နောက်တဖန် ပြန်လည် တောက်ပလာနိုင်ပေလိမ့်မည်။

သည်အခွင့်အရေးက သူတို့အတွက် လတ်တလော အလွန် အရေးကြီးနေသည်။

“ဝုရှီ, ဒီအိမ်တော်မှာ အရေးကြီးတဲ့ ကိစ္စတွေက အတိမ်းအစောင်းမခံနိုင်ဘူး ဖြစ်နေတယ်၊ သမီး ဦးလေး ပြန်ကောင်းလာတာကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားရမယ်၊ ပေါက်ကြားစေလို့ မရဘူး၊ သမီး ဆရာနဲ့ ပတ်သက်လို့ကတော့.....” ဂျန်ရှင်းယန်က ချက်ချင်းပင် အလွန်အရေးပါသည့် ကိစ္စကို တွေးတောနေလိုက်သည်။

ပါရမီရှင်သမားတော်Where stories live. Discover now