၁၅၄။ ပြပွဲစတင်ခြင်း - ၁

1.3K 106 0
                                    

၁၅၄။ ပြပွဲစတင်ခြင်း - ၁

ဂျန်ဝုရှီ၏ မျက်လုံးများ ကျဉ်းမြောင်းသွားကြသည်။ ဖြစ်နိုင်ချေကို ရင်ဆိုင်ကျော်လွှားဖို့ စဉ်းစားနေရသည်။ ရွေးချယ်စရာ နှစ်ချက်ရှိသည်။ ပထမအချက်က... ဘိုင်ယန်ရှင်းအန်အပေါ် လက်စားချေတာကို လက်လျှော့လိုက်ဖို့ ဖြစ်သည်။ ဒုတိယအချက်က... အဖြစ်မှန်ကို မသိစေဖို့ ဖြစ်သည်။

ဘိုင်ယန်ရှင်းအန်ကို လွှတ်ပေးဖို့လား....

ဂျန်ဝုရှီအတွက် မဖြစ်နိုင်ပေ။

ဖိုးဖိုးကို ထိခိုက်နာကျင်စေသည့် မည်သူမဆို သေရမည် ဖြစ်သည်။

“ဦးလေး, မစိုးရိမ်ပါနဲ့, ကျမ သေသေချာချာ စဉ်းစားထားပါတယ်။” ဂျန်ဝုရှီက ကိစ္စရပ်များကို စေ့စေ့စပ်စပ် သုံးသပ်ထားပြီး ဖြစ်သည်။

ဂျန်ချင်းက ဂျန်ဝုရှီကို စူးစိုက်ကြည့်နေသည်။ သူမ စီမံကိန်း သဲလွန်စကို သူမဆီမှ ရလိုရငြား မျှော်လင့်နေလို့ ဖြစ်သည်။ သို့သော် သူမ၏ အေးစက်စက် မျက်နှာရိပ်က လုံးဝ သစ္စာမဖောက်ချေ။

ဒီကောင်မလေးက အတော် မာတာပဲ။ သူမက ဘာမှ မပြောချင်လျှင်, မည်သူမျှ သူမ ဘာလုပ်မည်ဆိုတာကို သိဖို့ ခန့်မှန်းနိုင်မည် မဟုတ်ပေ။

“သတိတော့ ထားပါ, မှတ်ထားရမှာက... နင် အန္တရာယ်တောထဲ ကျရောက်မယ်ဆိုရင်, ဂျန်မိသားစုနဲ့ ရူလင်းစစ်တပ်က နင့်နောက်မှာ ရပ်တည်ပေးမယ်ဆိုတာပဲ။”

“ဟုတ်, နားလည်ပါပြီ။”

မကြာခင်မှာပင် သူမ စောင့်ဆိုင်းနေသည့် သတင်းက အဖြေရလာသည်။ နေပြည်တော်အတွင်းရှိ သာမန်ပြည်သူများထံမှ ဖြစ်သည်။

သန်းခေါင်ယံအချိန်တွင် ဖြစ်သည်။ မိသားစုနှစ်ဆယ်ကျော်လောက်က လင်းအိမ်တော်ရှေ့တွင် ဒူးထောက်နေကြသည်။ သူတို့လက်ထဲတွင် မီးတုတ်များ ကိုင်ဆောင်ထားကြသည်။ သူတို့ ငိုကြွေးနေကြသည်။

ပါရမီရှင်သမားတော်Where stories live. Discover now