၁၄၁။ မူးယစ်သွားသော ကြာပန်းလေး - ၂

1.3K 116 1
                                    

၁၄၁။ မူးယစ်သွားသော ကြာပန်းလေး - ၂

ဂျန်ဝုရှီက စကားများရန်ဖြစ်နေကြသည့် ကောင်လေးနှစ်ကောင်ကို တည်ငြိမ်စွာ ကြည့်သည်။ သူမက ကြောင်နက်လေးကို စားပွဲပေါ်သို့ ကောက်တင်လိုက်သည်။ ထို့နောက် သူမက ဇလုံထဲမှ ကြာပန်းကို ရွှေ့ရန် လှည့်လိုက်သည်။ ကြာပန်းကို ကိုင်ထား၍ ဇလုံကို ကြာပန်းလေးအား ပေးလိုက်သည်။

“ဒီဝိုင်တွေကို အဲမှာ သွားသွန်လိုက်။” ရှေးဟောင်းစာအုပ်ထဲတွင် မှတ်တမ်းတင်ထားတာက... အပြာရောင် ဆီးနှင်း ကြာဘုရင်ကို စိုက်ပျိုးနေစဉ်, ဇလုံထဲတွင် အမြစ်ပေါ်လာပါက, ကျောက်စိမ်းဝတ်ရည်အကျန်ကို မသုံးစွဲရတော့ဘဲ အသစ်လဲလှယ်ပေးရမည် ဖြစ်သည်။ ထို့ကြောင့် သူမက အမြဲတမ်း ကျောက်စိမ်းဝတ်ရည်အကျန်များကို ကြာကန်ထဲသို့ သွန်ပစ်နေခြင်း ဖြစ်သည်။

ကြာပန်းလေးက ခေါင်းညိတ်၍ ဇလုံကို တင်းတင်းကျပ်ကျပ် ကိုင်၍ ကွတကွတဖြင့် ကြာကန်သို့ သွားသည်။

သူက မြန်မြန်ဆန်ဆန် ကြာကန်သို့ သွားနေလျှင် ဇလုံထဲမှ ပျင်းရှရှ ရနံ့က သူ့နှာသီးဝသို့ ဝင်ရောက် မွှေနှောက်တော့သည်။ သူ့ပါးပြင်များက နှင်းဆီရောင် သန်းလာသည်။ သူ လှည့်၍ ချောင်းကြည့်လျှင် ဂျန်ဝုရှီက ကြာပန်းပေါ်မှာ အာရုံရောက်နေတာကို တွေ့ရ၍ ဝိုင်အကျန်များကို သောက်လို၍ သွားရည်များ ကျလာလေ၏။

ဒါက အသုံးမပြုတော့ဘူး... ဟုတ်တယ်မို့လား။

ဒါ့ကြောင့် နည်းနည်းလေး သောက်တာ ဘာမှ မဖြစ်လောက်ဘူးမို့လား။

ကြာပန်းလေးက ဇလုံကို သူ့ပါးစပ်နားသို့ ရွှေ့ယူလိုက်သည်။

(မင်း ဘာတွေ လုပ်နေတာလဲ။) ကြောင်နက်လေးက ရုတ်တရက် လှမ်းအော်လိုက်သည်။

ကြာပန်းလေးက အော်သံကြားရ၍ ကြောက်စိတ်မွှန်သွားပြီး ကျောက်စိမ်းဝတ်ရည်များကို သူ့ပါးစပ်ထဲသို့ အကုန်လုံး သွန်ချမိရက်သား ဖြစ်သွားသည်။ သူက ချောင်းတဟွတ်ဟွတ် ဆိုးသွားပြီး သူက နီမြန်းလာသည်။ ထို့နောက် သူက ကြောင်နက်လေးကို ထိတ်လန့်စွာ ကြည့်လိုက်သည်။

ပါရမီရှင်သမားတော်Where stories live. Discover now