၈၁။ အလှဆင် သစ်သား ပုတီးစေ့ - ၂

1.6K 165 0
                                    

၈၁။ အလှဆင် သစ်သား ပုတီးစေ့ - ၂

ကြာပန်းလေးက ဂျန်ဝုရှီအား စာချုပ်ဝိညာဉ်များ၏ ကိုယ်ပိုင် ကျင့်ကြံခြင်း နည်းစနစ်ကို ချက်ချင်း ရှင်းပြသည်။

စာချုပ်ဝိညာဉ်များက ဝိညာဉ်ကမ္ဘာတွင် နေထိုင်ကြသည်။ လူသားတစ်ယောက် မွေးဖွားလာလျှင် စာချုပ်ဝိညာဉ်များက လူသားဝိညာဉ်နှင့် အတူ ဟိန်းသံကို အာရုံခံစားမိကြမည် ဖြစ်သည်။ သူတို့က တောင်းဆိုမှုကို လက်ခံပြီးသည်နှင့် စာချုပ်ဝိညာဉ်က လူသားဝိညာဉ်ထဲတွင် အသက် ၁၄နှစ်အထိ အိပ်နေလိမ့်မည်။ နိုးထခြင်း ရက်ရောက်မှ သူတို့က အစစ်အမှန်အနေဖြင့် သည်လောကတွင် ပေါ်လာနိုင်မည် ဖြစ်သည်။

ဝိညာဉ်ကမ္ဘာတွင် စာချုပ်ဝိညာဉ်က သူတို့ တိုးတက်ဖို့ ဆက်လက်ကျင့်ကြံနိုင်သော်လည်း, သည်ကမ္ဘာသို့ ရောက်ရှိလာသည်နှင့် သူတို့၏ ကျင့်ကြံခြင်းအဆင့် တိုးတက်ဖို့ လူသား၏ ကျင့်ကြံခြင်းကိုသာ မှီခိုရတော့သည်။

စာချုပ်ဝိညာဉ်များက သည်ကမ္ဘာသို့ ဖြတ်သန်းရောက်ရှိလာလျှင် သူတို့၏ ကျင့်ကြံခြင်းက အလွန်အမင်း နှေးကွေးသွားလိမ့်မည် ဖြစ်သည်။

သည်အလှဆင်သစ်သားပုတီးစေ့လေးက အတွင်းတွင် မည်သည့် စွမ်းအားကိုမျှ ထိန်းချုပ်အသုံးချလို့ မရသည့် အရာဝတ္ထု ဖြစ်သည်။ သို့သော် ၎င်းက အထူးစွမ်းရည်တစ်မျိုးတော့ ရှိသည်။ ဒါက သန့်စင်ပေးနိုင်သည့် စွမ်းရည်ဖြစ်သည်။

လူသားများ နေသည့် သည်ကမ္ဘာတွင် ပတ်ဝန်းကျင်အနေအထားက သန့်ရှင်းမှု မရှိချေ။ ထို့ကြောင့် စာချုပ်ဝိညာဉ်များက သူတို့ဘာသာ ကျင့်ကြံခြင်းငှာ မစွမ်းသာကြချေ။ သူတို့နှင့် ချုပ်နှောင်ထားသည့် လူသားများအပေါ်မှာသာ တည်မှီကြရတော့သည်။ လူသားများ ကျင့်ကြံနိုင်တော့မှ သူတို့ ကျင့်ကြံနိုင်တော့သည်။ ပတ်ပတ်လည်မှ ကြိုးစားစုပ်ယူထားသည့် စွမ်းအင်များက မသန့်ရှင်းသည့် အရာများဖြင့် ရောနှောနေသဖြင့် အဆီအနှစ် ထုတ်ယူဖို့ မလွယ်ကူလှချေ။ သူတို့အတွက် ကြေက်မက်ဖွယ်ရာ စမ်းသပ်ချက်ပင် ဖြစ်နေလေ၏။

ပါရမီရှင်သမားတော်Where stories live. Discover now