၁၃၄။ ရောက်လာပေးလို့ ကျေးဇူးပါ - ၃

1.4K 120 6
                                    

၁၃၄။ ရောက်လာပေးလို့ ကျေးဇူးပါ - ၃

“................”

နွေးထွေးသည့် အရာက သူမအာခံတွင်းသို့ ပျံနှံ့သွားသည်။ ထို့ပြင် သူမနှုတ်ခမ်းများကို အပိုင်စားသွားသည်။

ဂျန်ဝုရှီက ကန့်ကွက်သည့်အနေဖြင့် နောက်ဆုတ်လိုခဲ့သည်။ သို့သော် ကျဉ်းကျပ်သည့် စည်ပိုင်းထဲတွင် နောက်ဆုတ်စရာ နေရာ မရှိခဲ့ချေ။

သူမ နောက်ဆုတ်ဖို့ အပြင်းအထန် မကြိုးစားမိခင်, ဂျန်ဝုယောင်းက သူမလည်တိုင်ကို သန်မာသည့် လက်များဖြင့် ဆွဲကိုင်၍ သူ့မျက်နှာအနီးသို့ ကြင်ကြင်နာနာ ဆွဲယူလိုက်သည်။

“နင် ကတိပေးပြီးပြီ, နင် နောက်ဆုတ်လို့ မရတော့ဘူးနော်..... ပြီးတော့ နှာခေါင်းကနေ အသက်ရှူဖို့လည်း မမေ့နဲ့အုံးအလား။” အနည်းငယ် စမ်းသပ်ခံစားပြီးလျှင် ဂျန်ဝုယောင်းက နောက်မဆုတ်နိုင် ဖြစ်သွားရသည်။ သူက ထိုမျက်လုံးများအတွင်းသို့ နက်ရှိုင်းစွာ တိုးဝင်သွားမိသည်။ သူက အနည်းငယ် မောဟိုက်သွားပြီး သတိပေးသည့်အနေဖြင့် တီးတိုးပြောပြီး, သူမ ပြန်ပြောတာကိုပင် မစောင့်တော့ဘဲ နောက်ထပ် အနမ်းသို့ တိုးဝင်နစ်မြောသွားသည်။

ဂျန်ဝုရှီ၏ စိတ်က ဗလာကျင်းသွားသည်။ ဂျန်ဝုယောင်း၏ နှာခေါင်းလေ၏ သူမ၏ ပါးလေးကို ပွတ်သပ်သွားသည်။ သူမက အားကုန်ရုန်းကန်လိုသော်လည်း အားမှန်သမျှ တစက်မျှ မကျန်ရအောင် စီးထွက်သလို ဖြစ်သွားသည်။

ဂျန်ဝုယောင်းက ဖြည်းဖြည်းချင်း အရသာခံလျက် နစ်မြုပ်သွားသည်။ ထိုချိုမြိန်သည့် အခိုက်အတန့်ကို သူ တောင့်တနေခဲ့သည်မို့, ဂျန်ဝုယောင်းက သူမကို ရေထဲမှ ဆွဲမယူလိုက်သည်။ ထို့နောက် သူမကို သန်မာသည့် လက်မောင်းကြားတွင် ဆွဲယူကာ သိုင်းဖက်လိုက်သည်။

ရေချိုးခန်းအပြင်တွင် ထိုင်နေသည့် ကြောင်နက်လေးက ဂျန်ဝုရှီ မြောက်တက်လာပြီး အရှက်မဲ့သည့် ဂျန်ဝုယောင်း၏ အဖက်ခံထားရတာကို မြင်လျှင် သူ့မေးရိုးများ ပြုတ်ကျမတတ် ဖြစ်သွားသည်။

ပါရမီရှင်သမားတော်Where stories live. Discover now