၁၀၆။ မုန်တိုင်း အစပျိုးခြင်း - ၂

1.4K 116 4
                                    

၁၀၆။ မုန်တိုင်း အစပျိုးခြင်း - ၂

“မင်း ဘာပြောလိုက်တာလဲ” ဂျန်ရှင်းယန်က သူ ကြားရတာကို မယုံကြည်နိုင်စွာဖြင့် စူးစူးရဲရဲ ကြည့်လိုက်သည်။

“အရာရှိ လင်း သိပါတယ်, ဘုရင်ကြီးက သူ့အပြစ်တွေကို စစ်ဆေးခိုင်းထားတာကို, သူက ဘယ်လိုလုပ် ဒီကိစ္စကို သိသွားသလဲဆိုတာ ကျနော် မသိပါဘူး၊ သူက ရုတ်တရက် သူ့အိမ်သား အားလုံးကို သတ်ဖြတ်ပစ်တယ်၊ ကျနော်က သူ့ကို အခု ဖမ်းမိဖို့ လိုလားတယ်၊ အနည်းအကျဉ်း ကျနော် သိရသလောက်ဆိုရင်, သူ့စွမ်းရည်က ကျနော့်ထက် သာတယ် ဆိုတာပဲ၊ သူက ကျနော့် အစောင့် ဆယ်ယောက်ကို နှိမ်နင်းခဲ့တယ်၊ ပြီးတော့ လွတ်မြောက်သွားတယ်၊ ကျနော်က သူ့ပြိုင်ဘက် မဟုတ်ဘူး၊ ကျနော်က သခင်ကြီးရဲ့ အကူအညီကို တောင်းခံပါတယ်၊ သူသာ လွတ်မြောက်သွားရင်, ဘုရင်ကြီးက ကျနော့်ကို သည်းခံခွင့်လွှတ်မှာ မဟုတ်ဘူး။” လီရန်က ဂျန်ရှင်းယန်ရှေ့တွင် ဒူးထောက်လျက် အသနားခံနေသည်။

ဂျန်ရှင်းယန်က လက်ရှည်အိတ်ထဲတွင် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိသည်။ သူ့အားအကုန်သုံး၍ သူ့ကိုယ်တွင်းမှ တုန်ယင်နေတာကို ထိမ်းချုပ်ကာ ဟန်ဆောင်ထားလိုက်သည်။

လင်းယွိယန်လို ဖြောင့်မတ်သည့် လူတစ်ယောက်က သူ့အပြစ်များကို ဖုံးကွယ်ဖို့ အိမ်သားအားလုံးကို သတ်ပစ်ဖို့ဆိုတာ ဖြစ်နိုင်ဖွယ်ရာ မရှိပေ။

“သူ အခု ဘယ်ရောက်သွားပြီလဲ” ဂျန်ရှင်းယန်က အေးစက်စွာ မေးသည်။

“ကျနော် သူ့နောက်ကို လိုက်သွားတော့, သူ နေပြည်တော်ကနေ ထွက်ခွာသွားတယ်, အရှေ့တောင်ဘက်အရပ်ကိုပါ” လီရန်က တွန့်ဆုတ်ဆုတ်ဖြင့် ပြန်ပြောသည်။

“ငါ အခု စထွက်မယ်။” လင်းယွိယန်က သည်လို ပြစ်မှုမျိုးကို လုပ်လိမ့်မည်ဟူ၍ ဂျန်ရှင်းယန်က မယုံကြည်ပေ။ သို့သော်လည်း လင်းယွိယန် သူ့ဇနီးအား ကိုယ်တိုင် သတ်နေတာကို လီရန်က ကိုယ်တိုင်တွေ့ခဲ့ပြီမို့, သူတို့က လင်းယွိယန်ကို တွေ့သည့်နေရာမှာပင် သတ်ဖို့ ကျိန်းသေနေလေပြီ။

ပါရမီရှင်သမားတော်Where stories live. Discover now