၁၆၁။ တရားဆုံးဖြတ်သူ - ၃

1.3K 100 0
                                    

၁၆၁။ တရားဆုံးဖြတ်သူ - ၃

ဘုရင်ကြီး မျက်လုံးမှိတ်ထားလိုက်သည်။ သူ့ရှေ့မှ မနှစ်မြို့ဖွယ်မြင်ကွင်းကို သူ မကြည့်ရက်နိုင်ဖြစ်နေသည်။

ချင်းယန်ကလန်၏ အင်အားဖြင့်ဆိုလျှင် ဂျန်ဝုရှီက ဘိုင်ယန်ရှင်းအန်ကို ထိခိုက်နာကျင်အောင် လုပ်ရဲမည်မဟုတ်ဟူ၍ သူ တွေးခဲ့သည်။ သူ့အတွေး မမှားနိုင်ဘူးဆိုတာကို သူ သိသည်။

ဂျန်ဝုရှီက လုပ်ရဲမှာ မဟုတ်ဘူးမို့လား။

အခုတော့ ရယ်စရာဟာသတစ်ခုဖြစ်နေသည်။

သူမက မိုရွှမ်ဖေးနည်းတူ ဘိုင်ယန်ရှင်းအန်အပေါ်မှာလည်း ရက်စက်စွာ ဆက်ဆံသည်။

မိုချင်းယွမ်က မှင်သက်ငေးမော၍ ရပ်မြဲတိုင်းသာ ရပ်နေသည်။ ဘုရင်ကြီး နန်းစွန့်ရန် သူက နည်းလမ်းအဖုံဖုံကို စဉ်းစားခဲ့ရသည်။ သို့သော် ဂျန်ဝုရှီ၏ ရိုးရှင်းပြီး တကယ် ကြမ်းကြုတ်သည့် နည်းလမ်းကြောင့် သူကြံစည်ထားသမျှ နည်းလမ်းများက အသုံးမဝင် ဖြစ်သွားကြသည်။

“ဝုရှီ... နင် ဘာလုပ်နေတာလဲ” မိုချင်းယွမ်က တံတွေးမျို၍ တီးတိုး မေးသည်။

ဂျန်ဝုရှီက သူ့ကို တစ်ချက်ကြည့်၍ အေးစက်စွာ ရယ်သည် “မသိသာဘူးလား။”

“..................” သူ လုံးဝဥဿုံ ပါးစပ်ပိတ်သွားသည်။

ဂျန်ဝုရှီက အရင်လှုပ်ရှားမှုမှန်သမျှကို ဂျန်မိသားစု၏ ဂုဏ်သိက္ခာစင်ကြယ်မှုကို ကာကွယ်ရန် လုပ်ဆောင်ခဲ့သည်။ အရာရှိများကို သတ်ဖြတ်ခြင်း, မြို့တော်ကို ထိန်းချုပ်ခြင်းများကို ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ခဲ့သည်။ သူမက ဟာကွက်မရှိအောင် စီမံဆောင်ရွက်ခဲ့၍ သူမလုပ်ဆောင်ချက်မှာ အပြစ်ကို မရှာနိုင်ခဲ့ပေ။

သို့သော် ကနေ့, သူမက ထိန်းချုပ်မှုမထားတော့ပေ။ ထို့ပြင် မည်သည့်အကြောင်းပြချက်မျှ မပေးဘဲ အပြစ်ပေးနေလေပြီ။

ပါရမီရှင်သမားတော်Where stories live. Discover now