၇၄။ ကျောက်စိမ်းဝတ်ရည် - ၃

1.5K 176 0
                                    

၇၄။ ကျောက်စိမ်းဝတ်ရည် - ၃

ရိုးရိုးလူများအတွက် ကျောက်စိမ်းဝတ်ရည် တစ်စက်ရရှိခြင်းကို အိပ်မက်လို့သာ မှတ်ယူနိုင်သည်။ ဘုရင့်နန်းတွင်း မိသားစုများပါ အပါအဝင် ဖြစ်သည်။ မိုချင်းယွမ်နှင့် ဘုရင်ကြီးသာ အထူးအခွင့်အရေးကို ရရှိထားခြင်း ဖြစ်သည်။ မိုရွှမ်ဖေးသည်ပင် သူတို့ သောက်နေတာကို ငေးကြည့်နေရုံသာ တတ်နိုင်ခဲ့သည်။

သို့သော် သည်ဝိုင်က မိုချင်းယွမ်အတွက် အလွန်လေးနက်သည့် အဓိပ္ပါယ်များ ပါဝင်နေသည်။ သည်ဝိုင်က သူ့အမေ၏ တန်ဖိုးဖြတ်မရသည့် မှတ်ဉာဏ်ဖြစ်နေသည်။

ဂျန်ဝုရှီက သည်ဝိုင်ကို ဆေးလုပ်လိုသည့်အတွက် မိုချင်းယွမ် အံ့သြသွားသည်။

“ဒီဝိုင်ကို ဆေးအဖြစ် အသုံးချလို့ ရတာလား” သူက သည်ဝိုင်ကို နေ့စဉ် အနည်းငယ်မျှသာ သောက်သုံးသည်။ သူက သူ့အမေကို လွမ်းဆွတ်သတိရသောကြောင့် ဖြစ်သည်။ ဝိုင်ကို ကြိုက်လွန်းလို့ သောက်နေခြင်း မဟုတ်ပေ။

အခု အဆိပ်ခတ်သူက အဆိပ်လာရာကို သူ ရှာဖွေတွေ့ရှိကြောင်းကို သိသွားလျှင်, သူတို့က နောက်တစ်မျိုး အသုံးပြုလိမ့်မည် ဖြစ်သည်။ သူတို့ကို သတိပေးလိုက်သလို ဖြစ်သွားတာထက်, သူက နောက်နည်းလမ်းတစ်မျိုးကို အသုံးပြုရမည် ဖြစ်သည်။

“ကောင်းပြီလေ, နင် ယူနိုင်ပါတယ်” သူက ဆုံးဖြတ်ချက် ချလိုက်သည်။

“ငါ မင်းကို ဝိုင်ပေးနိုင်ပါတယ်၊ ဘာ့ကြောင့်လဲဆိုတော့ ငါ နောက်ထပ် အဆိပ်လာရာရင်းမြစ်အသစ်ကို ထပ်မရှာချင်တော့လို့ပဲ” သူက ဝမ်းနည်းဖွယ်ရာ တုံ့ပြန် ပြောဆိုလာသည်။ သူက နောက်တစ်ကြိမ် အသက်ရှူကျပ်လို့လာသည်။ သူ၏ ဂုဏ်သိက္ခာများက စားပွဲပေါ်တွင် ရုတ်တရက် အန်ချမိလိုက်သဖြင့် အကုန်လုံး ကြေမွသွားရသည်။ ပြန်စဉ်းစားလိုက်တော့ အနည်းငယ် အော်ဂလီဆန်လာပြီး သူ့မျက်နှာက ဖြူရော်သွားသည်။

ပါရမီရှင်သမားတော်Where stories live. Discover now