၁၅၇။ ပြပွဲ စတင်ခြင်း - ၄

1.3K 103 1
                                    

၁၅၇။ ပြပွဲ စတင်ခြင်း - ၄

ခဏအကြာတွင် ဘိုင်ယန်ရှင်းအန် ညီလာခံခန်းမသို့ ရောက်ရှိလာသည်။ မိုရွှမ်ဖေးက အဖြစ်အပျက်ကို သူမအား ပြောပြသည်။ သူမအစီအစဉ်က မစတင်ခင်ကပင် ပျက်စီးသွားသည်မို့ သူမ အံ့အားသင့်သွားသည်။

“မဖြစ်နိုင်လိုက်တာ....”ဘိုင်ယန်ရှင်းအန်က မယုံကြည်နိုင်စွာ ပြောသည်။ “ဒီအဆိပ်ဖော်နည်းကို ငါ့ဆရာက ငါ့ကို သင်ပေးထားတာ၊ ကုန်းမြေတစ်ခုလုံးမှာ ငါ့ဆရာနဲ့ သူသင်ပေးထားတဲ့ တပည့်တွေသာ အဆိပ်ဖြေဆေးကို ဖော်စပ်နိုင်တာ။”

မိုရွှမ်ဖေးနှင့် ဘုရင်ကြီးက ဘိုင်ယန်ရှင်းအန်၏ ပြောကြားချက်ကြောင့် အချင်းချင်း ရှုံ့မဲ့ကာ ကြည့်မိကြသည်။

ချင်းယန်ကလန်၏ ဆေးပညာက ကုန်းမြေတစ်ခွင်တွင် အသက်ပေါင်းများစွာ ကယ်တင်ပေး၍ မရေမတွက်နိုင်သည့် လူအမြောက်အများကို ကူညီပေးထားသောကြောင့် ချီးမွမ်းခံထားရသည်။ သူတို့က ချင်းယန်ကလန်ကို တော်ဝင်နယ်မြေလို လေးစားကြပြီး အပြစ်ကင်းစင်သော ဆေးကုသပေးသည့် နေရာတစ်ခုလို့ သတ်မှတ်ထားကြသည်။ နောက်ကွယ်တွင် ချင်းယန်ကလန်က သည်လို ကြမ်းကြုတ်ရက်စက်သည့် အဆိပ်ပညာကို တပည့်များအား သင်ပေးမည်ဟူ၍ မှတ်ထင်မထားကြပေ။

သူတို့ အတွေးများကို သိမ်းဆည်းလိုက်ကြပြီး သူတို့က ဘိုင်ယန်ရှင်းအန်ကို မေးခွန်းထုတ်မနေတော့ကြချေ။

“ဂျန်ဝုရှီက အရည်အချင်းရှိတဲ့ ဝန်ထမ်းတွေကို ငှားရမ်းပြီးတော့ ဒီအရေးအခင်းကို ဖျက်ဆီးပစ်လိုက်တာ ဖြစ်မယ်၊ သူမက အခု မိုချင်းယွမ်နဲ့ အတူ ရှိနေတယ်၊ သူတို့က ရူလင်းစစ်တပ်ကို ဦးဆောင်ပြီး နန်းတော်ထဲ လာနေကြပြီ၊ နင့်ကို ရင်ဆိုင်ဖို့ပေါ့၊ ယန်ရှင်းအန်, စိတ်ချလက်ချသာ နေပါ၊ ငါ အစွမ်းရှိသလောက် နင့်ကို ကာကွယ်ပေးပါ့မယ်” မိုရွှမ်ဖေးက ဘိုင်ယန်ရှင်းအန်၏ လက်များကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားသည်။ သူ့မျက်လုံးများမှာတော့ ချစ်မြတ်နိုးခြင်းက ပြည့်လျှံမို့မောက်နေသည်။

ပါရမီရှင်သမားတော်Where stories live. Discover now