၃၄။ လျှို့ဝှက် ပညာရှင် - ၄

1.7K 198 0
                                    

၃၄။ လျှို့ဝှက် ပညာရှင် - ၄

(ဘာ ဆရာလဲ၊ အိုး, ကျေးဇူးပြုပြီးတော့ သူက တည်ရှိမနေပါစေနဲ့။) ဂျန်ဝုရှီက အေးစက်စက်အမူအရာကိုပါ ထည့်သွင်းပေါင်းစပ်လျက် တည်ငြိမ်စွာ နေလိုက်သည်။

“ဘာလဲဟ, သမီးလည်း ကြာစေ့ကို စားခဲ့တာလား၊ သမီး ဘယ်လို နေလဲ၊ အရမ်း နာကျင်ခဲ့သလား” ဂျန်ရှင်းယန်က စစ်ဗိုလ်ချုပ်ဖြစ်သည့် သူ့သားသည်ပင် ပုဇွန်ထုပ်လို ကွေးသွားအောင် နာကျင်ခံစားခဲ့သည်ကို ကိုယ်တွေ့မြင်ခဲ့ရသည် မဟုတ်လား။ ဆယ့်လေးနှစ်မျှသာ ရှိသေးသည့် ဝိညာည်စွမ်းအား အနည်းငယ်မျှပင် မရှိသော မိန်းကလေးက မည်သို့ နေမည်နည်း။ သူက အလွန် ပျာယာခတ်သွားပြီး စိုးရိမ်ပူပန်သည့် အမူအရာဖြင့် မေးသည်။

ဂျန်ဝုရှီက ခေါင်းခါလိုက်သည်။ “သမီး အဆင်ပြေခဲ့ပါတယ်၊ နည်းနည်းလောက် မသက်မသာ ဖြစ်ခဲ့ပေမဲ့ ဦးလေးလောက်တော့ မဆိုးခဲ့ဘူး၊ ဦး‌လေးခန္ဓာကိုယ်က အရင်တုန်းက မိခဲ့တဲ့ အဆိပ်ကြောင့် ဆိုးဆိုးရွားရွား တုံ့ပြန်ခဲ့တာ၊ အဆိပ်က အရိုးထဲထိ စိမ့်ဝင်သွားပြီး ဒီလောက်နှစ်အကြာကြီး အရိုးတွေကို အက်ကွဲစေခဲ့တယ်၊ ကြာစေ့တွေက ရိုးတွင်းခြင်ဆီကို သန့်ရှင်းအောင် လုပ်ပေးတော့ အရိုးတွေက ပြန်လည် အသစ်မွေးဖွားရသလို ဖြစ်ခဲ့တာ၊ နေရာလပ် မကျန် အဆိပ်တွေကို ညှစ်ထုတ်ရတော့ အရမ်းနာကျင်ရတာပေါ့၊ အရိုးထဲမှာ ကြာရှည် စိမ့်ဝင်နေခဲ့တဲ့ အဆိပ်တွေ ဖြစ်နေတော့ မစင်ကြယ်တဲ့ အရာတွေနဲ့ အဆိပ်တွေကို အကုန်အစင် အိတ်သွန်ဖာမှောက် ထုတ်ပစ်ရတယ်၊ အဲအရာတွေအားလုံးကို ချွေးတွေနဲ့ အတူတူ ထုတ်ပစ်ခဲ့ရတာ၊ ဒါ့ကြောင့်မို့ နောက်ထပ် ဒီလို ဒုက္ခမျိုးကို စိုးရိမ်နေစရာ မလိုတော့ပါဘူး။”

သူမက ဂျန်ချင်းကိုတောင် မကယ်တင်နိုင်ဘူးဆိုလျှင် သူမက နောက်ထပ် အသက်ရှင်ဖို့ပင် မထိုက်တန်တော့ပေ။

ဂျန်ချင်း၏ မစင်ကြယ်သည့်အရာများ အဆိပ်များကို သူ့ချွေးများနှင့် အတူ ဖယ်ရှားပစ်ပြီး ဖြစ်နေတာကို ကြားရလျှင် ဂျန်ချင်း၏ မျက်လုံးများက ပြူးကျယ်ထွက်သွားသည်။

ပါရမီရှင်သမားတော်Where stories live. Discover now