၇၀။ အချစ် - ၂

1.6K 166 0
                                    

၇၀။ အချစ် - ၂

“နင်က တော်တော် ဆူတာပဲ” ဂျန်ဝုရှီက မျက်မှောင်ကြုတ်လိုက်သည်။

“............”မိုချင်းယွမ်၏ မျက်နှာက ‌တောင့်တင်းသွားသည်။

ဂျန်ဝုရှီက သူမလက်ကို သူ့လက်ကောက်ဝတ်မှ ရုပ်လိုက်ပြီး သူ့ကို ကြည့်လိုက်လျှင် သူတို့ အကြည့်ချင်း ဆုံသွားသည်။

“နင့် ခန္ဓာကိုယ်အစိတ်အပိုင်းတွေမှာ အဆိပ်တွေ စုပုံနေတာ များလွန်းတယ်၊ နင်က အဆိပ်မိနေခဲ့တာ အတော်ကြာပြီ ဖြစ်ရမယ်၊ နင့် ခန္ဓာကိုယ်ကိုတော့ ငါ ကောင်းသွားအောင် ကုသပေးနိုင်တယ်၊ ဒါပေမဲ့ အဆိပ်လာရာ ရင်းမြစ်ကို ငါ မသိဘူး ဖြစ်နေတယ်၊ ဒီအဆိပ်တွေကို လုံးဝ ဖယ်ရှားပစ်ဖို့ဆိုရင်, နင်က အဲအဆိပ်ကို ရှာဖွေပြီး ဖယ်ရှားပစ်ရလိမ့်မယ်၊ ဒါမှ ဒါမျိုး နောက်ထပ် ဖြစ်မလာမှာ၊ အဲသလိုမှ မဟုတ်ရင်, နောက်ထပ် ဒီလို ကမောက်ကမအခြေအနေကို ပြန်ဆိုက်နေလိမ့်မယ်။”

သည်လူက သေမင်းတံခါးနှင့် နီးနေတာတောင် တွေ့ကရာရှစ်သောင်း သောင်းပြောင်းထွေလာ တွေးတောနေသေး၏။ အရည်မရ အဖတ်မရ သူ စကားပြောနေတာ နေ့တစ်ဝက်လောက် ရှိလုလုပင်။

“............”မိုချင်းယွမ်က နောက်ထပ် ပြောစရာ စကားမဲ့သွားရပြန်သည်။ သည်မိန်းကလေးက သူပြောသမျှကို ‘ဆူညံ’သည်ဟူ၍ သတ်မှတ်ထားပါလား။

အဆုံးမှာတော့ သူမကို စိတ်တိုစေတာလား၊ သူမက သူ့ကို နန်းပလ္လင်လုရန် ပြောထားသူသာ မဟုတ်လား၊ ဒါပေမဲ့ သူမက သူလုပ်သမျှကို နည်းနည်းလေးမျှ စိတ်မဝင်စားဘူးလော။

“နင်........”

“နင် ဖြစ်ချင်တာ နင့် ပြဿနာ၊ ငါက သမားတော် တစ်ယောက်ပဲ။” သူမက သူ့ကို အမူအရာကင်းမဲ့စွာ ကြည့်လိုက်သည်။

မိုချင်းယွမ်က ခေါင်းမော့၍ ရယ်လိုက်သည်။

လင်းအိမ်တော်၏ သည်သခင်မလေးက တကယ့်ကို တစ်ခုခုပဲ၊ သူမက အသက် ဘယ်လောက်ရှိလို့လဲ၊ သူမက အလွန်ငယ်ရွယ်ပေမဲ့ တည်ငြိမ် ရင့်ကျက်နေသည်။ အလွန်အကဲ ပြောရလျှင် သူမအတွေးများက နက်နဲလွန်းနေသည်။ “ဟုတ်တယ်, သူမပြောတာ လုံးဝ မှန်တယ်၊ ငါ ဘာဖြစ်ချင်ချင်, ငါ့ ပြဿနာ၊ ငါ အောင်မြင်ရင်, လင်းအိမ်တော်က သစ္စာရှိ ထောက်ပံ့သူအနေနဲ့ ဂုဏ်ပြုခံရမယ်၊ ငါ ကျရှုံးရင်, ငါတစ်ယောက်တည်းပဲ အကျိုးဆက်ကို ခံစားရမယ်၊ ငါက လင်းအိမ်တော်နဲ့ ဂျန်ဝုရှီကြားမှာ ဆက်နွှယ်ပတ်သက်မှုမှ မရှိတာ။’’

ပါရမီရှင်သမားတော်Where stories live. Discover now