၁၆၂။ တရားဆုံးဖြတ်သူ - ၄

1.3K 97 1
                                    

၁၆၂။ တရားဆုံးဖြတ်သူ - ၄

သည်နှစ်နာရီအတွင်းမှာ မိုရွှမ်ဖေးက အပ်များဖြင့် နှိပ်စက်ခံနေသဖြင့် မချိမဆန့် ဝေဒနာခံစားခဲ့ရသည်။ အပ်များကို ဖယ်လိုက်တော့ သက်သာရာ ရသွားသည်။ သို့သော် သူ့ခြေထောက်များက ခံစားချက်ကင်းမဲ့သွားတာကို တွေ့လိုက်ရလျှင် ကြောက်ရွံ့ခြင်းက ဝင်ရောက်လာပြန်သည်။

သူ မတ်တပ်ရပ်နိုင်ရန် ရုန်းကန်လှုပ်ရှားသော်လည်း ခြေထောက်များက လှုပ်ရုံပင် မလှုပ်နိုင်တော့ပေ။ သူက ဒူးထောက်နေရုံသာ တတ်နိုင်သည်မို့ လူများကို မော့ကြည့်နေရသည်။

“ဒုတိယမင်းသားလေးအတွက် ငါ အထူးတလည် ပြင်ဆင်ထားတဲ့ ဘီးတပ်ကုလားထိုင် ယူလာခဲ့။” ဂျန်ဝုရှီ အမိန့်ပေးသည်။

ရူလင်းစစ်သားများက ချက်ချင်းပင် ဘီးတပ်ကုလားထိုင်ကို ခန်းမကြီးသို့ တွန်းယူလာခဲ့ကြသည်။

မိုရွှမ်ဖေးက ဘီးတပ်ကုလားထိုင်ကို ကြည့်လိုက်သည်။ အလွန်ရင်းနှီးနေသည်။ သည်ဘီးတပ်ကုလားထိုင်ကို ဘုရင့်မိသားစုက ဂျန်ချင်း မသန်မစွမ်းဖြစ်ပြီးနောက် လက်ဆောင်အဖြစ် ပေးအပ်ခဲ့သည်မဟုတ်လော။

“ဒုတိယမင်းသားလေးကို ကုလားထိုင်ပေါ် ကူတင်ပေးလိုက်။” ဂျန်ဝုရှီက အမိန့်ပေးသည်။

ရူလင်းစစ်သားနှစ်ယောက်က မိုရွှမ်ဖေးဆီ ရောက်ချလာပြီး ဆွဲမလိုက်ကြသည်။ ကြီးမားလွန်းသည့် အဖြစ်မှန်နှင့် ရင်ဆိုင်ကြုံတွေ့လိုက်ရပြီမို့ မိုရွှမ်ဖေးက ရူလင်းစစ်သားအစောင့်များမှ လွတ်ရန် အကြမ်းပတမ်း ရုန်းကန်သည်။

“ဂျန်ဝုရှီ, နင် ဒါ ဘာသဘောလဲ၊ နင် ဘာလိုချင်တာလဲ၊ ငါ ဘီးတပ်ကုလားထိုင် မလိုဘူး. မလိုဘူး...” မိုရွှမ်ဖေးက အားအင်ချည့်နဲ့စွာ ကန့်ကွက်နေသော်လည်း ရူလင်းစစ်သားများက သူ့ကို ကုလားထိုင်ပေါ်သို့ တင်ပြီးသွားလေပြီ။ ကြမ်းပြင်ပေါ်တွင် သွေးစီးကြောင်းများက ထင်းကျန်ရစ်ခဲ့သည်။

ပါရမီရှင်သမားတော်Where stories live. Discover now