၁၈။ ကြာဖြူပန်းလေး - ၃

1.7K 211 0
                                    

၁၈။ ကြာဖြူပန်းလေး - ၃

သည်ကမ္ဘာပေါ်ဝယ် ကလေးငယ်တစ်ယောက် မွေးဖွားလာလျှင် စာချုပ်ဝိညာဉ်က လူသားဝိညာဉ်နှင့် အတူတူ ပေါင်းစည်း ဖြစ်ပေါ်လာခဲ့ပြီး စာချုပ်ဝိညာဉ်က မူလဝိညာဉ်မှာ အိပ်ပျော်နေမှာ ဖြစ်ပြီး အသက် ၁၄နှစ်အရွယ်ကျမှ နိုးထလာမှာ ဖြစ်သည်။ သေဆုံးသွားချိန်မှ တပါး သူတို့ကို ခွဲခြားပစ်ဖို့ နည်းလမ်းကို မည်သူမျှ မသိကြချေ။

လူတစ်ယောက်သည် တစ်သက်တာအတွက် စာချုပ်ဝိညာဉ်တစ်ခုနှင့်သာ ပေါင်းစည်းထားနိုင်၍ မည်သို့ပင် အသုံးမဝင်ပါစေ သူမ၏ ကိုယ်ပိုင် စာချုပ်ဝိညာဉ်ကို လက်ခံရုံမှ တပါး အခြား ရွေးစရာမရှိချေ။ စာချုပ်ဝိညာဉ်ကို လွှင့်ပစ်ဖို့ကား ပိုလို့ပင် ရွေးချယ်စရာ မဟုတ်တော့ချေ။

“ဝိညာဉ်လောက” ကြာဖြူပန်းလေးက ခါးသီးစွာ ပြန်ပြောသည်။

“အဲဒါက နင် လာခဲ့တဲ့ နေရာလား” သည်လောကက သူမ ပထမဆုံး ကြားဖူးသည့် နေရာဖြစ်သည်။

ကြာဖြူပန်းလေးက ခေါင်းညိတ်ပြသည်။ သူ့အား ဂျန်ဝုရှီ သဘောမကျမည်ကို ကြောက်သဖြင့် သူက ယဉ်ကျေးသော အမူအရာဖြင့် ဆက်ပြောသည် “မနိုးထခင်မှာ စာချုပ်ဝိညာဉ်က ဝိညာဉ်လောကမှာ နေရတယ်၊ လူသေသွားရင်တော့ ငါတို့က အဲနေရာကို ပြန်သွားရတယ်၊ အဲနေရာက အရမ်း ကြောက်စရာ ကောင်းတာပဲ၊ ငါက မနည်း လွတ်မြောက်အောင် လုပ်လာခဲ့ရတာ၊ ငါ့ကို လွှင့်မပစ်ပါနဲ့နော်။”

သူက လွှင့်ပစ်ချင်သည်။ သို့သော် မည်သို့ လုပ်နိုင်ပါမည်နည်း။

“ငါ..... ငါ အသုံးဝင်တာကို သက်သေပြမယ်, ကျေးဇူးပြုပြီး စောင့်ပေးပါ” သူက ရုတ်တရက် ဆုံးဖြတ်ချက် ခိုင်ခိုင်မာမာ ချပြီးပုံဖြင့် သူမခြေထောက်များကို လွှတ်ပေးလိုက်သည်။ သူက မတ်တပ်ရပ်လိုက်လျှင် သူ၏ နုနယ်သည့် ကိုယ်လေးက တုန်ယင်နေလျက် ရှိသည်။ သူ၏ သေးငယ်နူးညံ့သည့် လက်မောင်းလေးကို ဂျန်ဝုရှီရှေ့မှာ မြှောက်ပေးလိုက်သည်။

ပါရမီရှင်သမားတော်Where stories live. Discover now