၁၇၁။ ဝိညာဉ်သိမ်းယူခြင်း - ၂

1.3K 94 0
                                    

၁၇၁။ ဝိညာဉ်သိမ်းယူခြင်း - ၂

ဂျန်ဝုယောင်းက ဂျန်ဝုရှီကို ဖက်ထားသည်မှ လွှတ်ပေးလိုဟန် မရပေ။ ဂျန်ဝုရှီ မျက်မှောင်ကုတ်နေတာကို တွေ့မြင်ရလျှင် ဂျန်ဝုယောင်းက သူမလည်ကုပ်ကို အနည်းငယ် ပွတ်တိုက်၍ နူးနူးညံ့ညံ့ချိုချိုသာသာ တီးတိုး ပြောလာသည် “နင် စိတ်ဝင်စားရင် ငါ ရှင်းပြမယ်လေ။”

ဂျန်ဝုရှီက ခေါင်းကို စောင်းလိုက်သည်။ သူ ပွတ်သီးပွတ်သပ် လုပ်နေတာကို ရှောင်လွှဲချင်လို့ ဖြစ်သည်။ သို့သော် အရာမထင်ပေ။ သူမက အဖမ်းခံထားရသည်။ သူ့လက်များကို သူမကို သိုင်းဖက်ထားသည်။ သူမက လွတ်မြောက်ဖို့ လမ်းမမြင်ပေ။

“ဆက်ပြော” သူမက ကိုယ့်ကိုယ်ကို တည်ငြိမ်အောင် လုပ်သည်။

“စာချုပ်ဝိညာဉ်တွေဆိုတာ ဝိညာဉ်လောကမှာ နေကြတာ၊ တချို့တွေက ရှေးဟောင်း ဝိညာဉ်သားရဲတွေကနေ ဖြစ်ပေါ်လာကြတယ်၊ တချို့က ရှေးဟောင်း ကောင်းကင်ဘုံစစ်သားတွေကနေ ဖြစ်ပေါ်လာကြတယ်၊ အဲသားရဲနဲ့ ကောကင်းကင်ဘုံစစ်သားတွေရဲ့ သက်မဲ့ခန္ဓာကိုယ်တွေ ပျောက်ကွယ်သွားတော့ သူတို့ဝိညာဉ်တွေက ဝိညာဉ်လောကကို ပြန်လာကြတယ်၊ စာချုပ်ဝိညာဉ်အနေနဲ့ နေထိုင်နေကြရင်း, သူတို့နဲ့ ကံစပ်တဲ့ လူတစ်ယောက် မွေးဖွားလာတဲ့ အထိ စောင့်နေကြတယ်၊ ပြီးတော့ သူတို့က ဆင့်ခေါ်ခံကြရတယ်၊ အဲလူဆီမှာပဲ သူတို့ဝိညာဉ်နဲ့ စိတ်က အတူတကွ ချိတ်ဆက်သွားကြတယ်၊ အဲလူ မသေခင်အထိပေါ့၊ လူတွေက သေကြပေမဲ့, စာချုပ်ဝိညာဉ်တွေက မသေကြဘူး၊ လူတွေ သေပြီးတဲ့နောက် သူတို့က ဝိညာဉ်လောကကို ပြန်လာကြတယ်၊ နောက်ထပ် သူတို့နဲ့ ကံစပ်မဲ့ လူတွေကို စောင့်နေရင်းနဲ့ပေါ့၊ ဒါပေမဲ့ ခြွင်းချက်တော့ ရှိတယ်.....”

“စာချုပ်ဝိညာဉ်က ဝိညာဉ်လောကကနေ ထွက်ခွာသွားတဲ့ အချိန်မှာ, သူတို့ရဲ့ တိုးတက်မှု နှုန်းထားက အကြီးအကျယ် ကျဆင်းသွားကြတယ်၊ သူတို့ စွမ်းအား တိုးတက်အောင် လုပ်ဖို့ဆိုရင် သူတို့အတွက် ကြားခံပစ္စည်းတစ်ခုခုကို ရှာဖွေပေးရင်ပေး, ဒါမှ မဟုတ် တခြားစာချုပ်ဝိညာဉ်ကို ဝါးမျိုရင် ဝါးမျို... ဒါပဲ ရှိတော့တယ်။”

ပါရမီရှင်သမားတော်Where stories live. Discover now