၇၈။ ငါ့ကို မနှောင့်ယှက်နဲ့ -၂

1.5K 165 2
                                    

၇၈။ ငါ့ကို မနှောင့်ယှက်နဲ့ -၂

သူမ၏ ရုတ်တရက် အပြုအမှုကြောင့် ဂျန်ဝုယောင်း အံ့သြသွားသည်။ သူ၏ အေးစက်စက် မျက်လုံးများက ပျောက်လွင့်သွားသည်။ သူက အသံမထွက်ဘဲ ကျိတ်ရယ်လိုက်သဖြင့် ထိုအပ်များက သူ့ကို မနှောင့်ယှက်နိုင်ပုံ ပေါ်နေ၏။ ‘ဒီကောင်မလေးက အတော် စိတ်ဝင်စားဖို့ ကောင်းတာပဲ၊ သူက ဒီလိုမျိုး အစွယ် ထုတ်ပြတယ်ပေါ့။’

ဂျန်ဝုရှီက အပ်များကို အချို့ သွေးကြောဆုံမှတ်များမှာ ထောက်ထားသည်။ သူမက သူ့ကို သတ်နိုင်မှာ မဟုတ်သော်လည်း သူ့ကို လွယ်လွယ်ကူကူတော့ အလျှော့ပေးမည် မဟုတ်ပေ။

ဂျန်ဝုယောင်းက သူ့ကိုယ်ကို နှိမ့်ချလိုက်ပြီး အပ်များပေါ်သို့ တိုးဝင်လိုက်သည်။ အပ်များက သူ့အရေပြားကို ဖောက်ထွင်း၍ လည်မျိုထဲသို့ ဝင်သွားသည်။ နီရဲတောက်ပြောင်နေသည့် သွေးများက စီးထွက်လာပြီး သူမလက်များကို စွန်းထင်းသွားကြသည်။ သည်လို ဖြစ်နေသော်လည်း သူမမျက်လုံးများမှာ ကြောက်လန့်တုန်လှုပ်ခြင်း အရိပ်ငွေ့ တစ်စိုးတစ်စိမျှ မတွေ့ရပေ။

“ဒါက ငါ့အပြစ်ပါ၊ ငါ နင့်ကို မနှောင့်ယှက်သင့်ပါဘူးလေ၊ နင် ငါ့ကို ဘယ်လို အပြစ်ပေးချင်သလဲ, ငါ မင်းကို အကုန် ခွင့်ပြုတယ်” အပ်လေးချောင်းလုံးက သူ့လည်မျိုထဲသို့ ထိုးဖောက်ဝင်ရောက်သွားပြီး သွေးများ စီးဆင်းနေသော်ငြား, သူက သူမအား တောင်းပန်ခယသည့် အမူအရာဖြင့် အောက်ကျို့သည့် အပြုံးကို ပြုံးပြနေတုန်းပင်။

“ဒါကို ပြန်ချထားလိုက်” သူမက အေးစက်စွာ ပြန်ပြောသည်။

ဂျန်ဝုယောင်းက သက်ပြင်းချကာ ဝိုင်ကရားကို စားပွဲပေါ်သို့ ပြန်တင်ပေးလိုက်သည်။

“ဝုရှီ, ငါ မှားသွားပါတယ်၊ နင် ကြိုက်ရင်, ဒီဝိုင် အစုတ်ပလုတ်ကို ယာယီ သိမ်းထားပြီး ဆော့ကစားပေါ့၊ ဒါပေမဲ့ ဒါကို မသောက်ဖို့တော့ နင် မှတ်ထားရမယ်၊ ပါဝင်ပစ္စည်းတွေက အရမ်းပြင်းလွန်းလို့ နင့်လည်ချောင်းကို ပျက်စီးစေလိမ့်မယ်၊ ငါ နင့်အတွက် မနက်ဖြန်ကျရင် အကောင်းစား ဝိုင် ရှာပေးပါ့မယ်။” သူက နူးညံ့ချိုသာစွာ ပြောသည်။ ဒေါသထွက်နေသည့် သူမကို ချော့မြူဖို့ ကြိုးစားလိုက်သည်။ သူ လည်ချောင်းမှ ဒဏ်ရာကို လုံး လျစ်လျူရှူထားသည်။

ပါရမီရှင်သမားတော်Where stories live. Discover now