၉၄။ဒုတိယရိုက်ချက် - ၂

1.5K 147 0
                                    

၉၄။ဒုတိယရိုက်ချက် - ၂

ဂျန်ဝုရှီ အနိုင်ယူတာကို သူ ခွင့်မပြုနိုင်ပေ။ သူသာ ဘုရင်ကြီးဆီ မြန်မြန်ရောက်လျှင်, သူ့ဖခင် ဘုရင်ကြီးက နန်းတွင်းသမားတော်များအား ကျောက်စိမ်းနှင်းပွင့်ဆေးလုံးများက အတုများဟူ၍ ကြေညာဖို့ ညွှန်ကြားနိုင်လိမ့်မည်။ ဂျန်ဝုရှီက သူ့အမျက်‌ဒေါသကြောင့် နာကျင်ခံစားရလိမ့်မည်။

မိုရွှမ်ဖေး ဆွဲခေါ်ခံရသည့် ဘိုင်ယန်ရှင်းအန်က သူမ၏ အလောတကြီး ဖြစ်နေမှုကြောင့် ပုံမှန် ဟန်လုပ်ထားသည့် ဣန္ဒြေသိက္ခာများက ပျောက်ရှလို့သွားသည်။ နန်းတွင်းသမားတော်များက ကျောက်စိမ်းနှင်းပွင့် ဆေးလုံးများကို အစစ်အမှန်များဟူ၍ အတည်ပြုလိုက်ပါက, သူမ လုံးဝ အရှက်ကွဲမှာ ရှင်းလင်းနေသည်။

ဂျန်ဝုရှီက မိုရွှမ်ဖေး၏ သိသာလွန်းသည့် ဟာသလုပ်ရပ်ကို ထိုင်ရာ မထ ကြည့်နေပြီး သူ့ကို ရပ်တန့်ဖို့ လှုပ်ရှားခြင်း မရှိချေ။

ဂျန်ဝုရှီက ဘာမျှ လုပ်မနေတာကြောင့်, မိုချင်းယွမ်က ထွက်ခွာသွားသည့် ပုံရိပ်များကို လိုက်လံ လှောင်ပြောင်လိုက်သည်။

“ညီတော်, ဘာလို့ အလျင်လိုနေရတာလဲ၊ ဆေးလုံးကိစ္စတွေ ဆိုရင်, နန်းတွင်းသမားတော်တွေ ရှိနေကြတာပဲ၊ သူတို့က သံသယဖြစ်စရာတွေ့ရှိရင်, ဖခင်ဘုရင်ကြီးကို အထိတောင် ခံမှာ မဟုတ်ဘူးလေ။”

မိုချင်းယွမ်က ပျာယာခတ်နေသည့် မိုရွှမ်ဖေးကို မခံချင်အောင် ပြောလိုက်သည်။ တစ်ချိန်လုံး မိုရွှမ်ဖေး၏ လက်ထဲမှာ ခံနေခဲ့ရတာကြောင့် ပြန်လည် တုံ့ပြန်လိုက်ခြင်း ဖြစ်သည်။ သူက အခုတော့ သူ့ရင်ဘတ်ထဲမှ လေးလံသည့် အဖုထုံး ပြေသွားရလေပြီ။

မိုရွှမ်ဖေးအား ရင်ဆိုင်ရသည့် သူက ကူကယ်ရာမဲ့ခဲ့သည်မို့, မိုရွှမ်ဖေးအပေါ် ဂျန်ဝုရှီ၏ လက်ဖျားခါလောက်သည့် ရိုက်ချက်ကို တွေ့မြင်ရတာ, ကြည့်ကောင်းသည့် မြင်ကွင်း ဖြစ်နေသည်။ သည်ခံစားချက်က တကယ့်ကို ကောင်းမွန်သည်။

ပါရမီရှင်သမားတော်Where stories live. Discover now