၁၃၃။ ရောက်လာပေးလို့ ကျေးဇူးပါ - ၂

1.4K 121 4
                                    

၁၃၃။ ရောက်လာပေးလို့ ကျေးဇူးပါ - ၂

ထို့နောက်, ဂျန်ဝုယောင်းက ရုတ်တရက် မတ်တပ်ရပ်၍ သူ၏ ရှည်လျားသည့် ခန္ဓာကိုယ်ကို သူမထံသို့ ကိုင်းလိုက်သည်။ သူ၏ ချောမောသည့် မျက်နှာက သူမနှင့် နည်းနည်းလေးသာ ဝေးတော့သည်။

“လာ, နမ်းကြည့်, အနံ့ရလားလို့။”

သူက သူမနှင့် နီးကပ်နေစဉ်, သူ့အမူအရာက အလွန်ရုတ်တရက် ဆန်လွန်းပြီး ဟန်ဆောင်မှုပင် မရှိပေ။ ဂျန်ဝုရှီက လုံးဝ သတိလက်လွတ် ဖြစ်သွားရသည်။ သူ၏ ယောက်ျားကိုယ်သင်းနံ့က သူမထံသို့ ကျဆင်းလာသည်။ မကောင်းသည့် သွေးနံ့လည်း မရှိပေ။ ရေမွှေးနံ့လည်း မရှိပေ။ သန့်ရှင်းလတ်ဆတ်သည့် ယောက်ျားကိုယ်သင်းနံ့သည်သာ သူမကို နှုတ်ဆက်နေသည်။

“နင်... အရင်ဆုံး ထွက်သွားပေးပါလား” ဂျန်ဝုရှီက မသိမသာဖြင့် သူမခေါင်းလေးကို စောင်းငဲ့လိုက်သည်။ သူမ ပါးလေးများက ပန်းရောင်သန်းသွားကြသည်။ သူမက သည်ကိုယ်သင်းနံ့နှင့် စပ်လျဉ်းပြီး တစ်စုတစ်ခု မူမမှန်တာကို ဖျော့တော့စွာ ခံစားမိသည်။

“ဘာလို့လဲ, ငါက ငါ့တစ်ကိုယ်လုံးကို စေ့စေ့စပ်စပ် သေသေချာချာ ရေချိုးသန့်စင်ပြီးပြီပဲလေ, ဟုတ်ဘူးလား” ဂျန်ဝုယောင်းက သူမကို ပြုံးပြသည်။ သူက ထွက်သွားမည့် အရိပ်အယောင်မရှိဘဲ နားလည်ရန် ခက်ခဲသည့် လေသံဖြင့် သူမကို မေးလာသည်။

ဂျန်ဝုရှီ မျက်မှောင်ကုတ်သွားသည်။

“စိုးရိမ်ပူပန်နေတာကို ရပ်လိုက်တော့, မင်းဖိုးဖိုး ဘေးကင်းရန်ကင်းနဲ့ မကျိုးမပဲ့ ပြန်ရောက်နေပြီပဲဟာ၊ ဒီအမူအရာက နင်နဲ့ မသင့်တော်ပါဘူးနော်။” ဂျန်ဝုယောင်းက သူ့လက်များကို မြှောက်၍ ရေစိုနေသည့် လက်ချောင်းများဖြင့် သူမ၏ တွန့်နေသည့် နဖူးအလယ်ကို ပွတ်သပ်ကာ ဖြေလျှော့ပေးလိုက်သည်။

တစ်နေ့လုံး မှုန်မှိုင်းနေတာက သူ့ကောင်မလေးနှင့် မသင့်လျော်ပေ။

ပါရမီရှင်သမားတော်Where stories live. Discover now