၁၉၆။ "ခေါင်းတလားကို ဖွင့်ခြင်း - ၃"

1.1K 87 0
                                    

၁၉၆။ “ခေါင်းတလားကို ဖွင့်ခြင်း - ၃”

ဒါက သူမ အဖေဆိုသူကို တွေ့မြင်တာ ပထမဆုံး အကြိမ်ဖြစ်ပြီး ခံစားချက်များက ရှုပ်ထွေးနေသည်။

သူ့ခန္ဓာကိုယ်က အရိုးစုမျှသာ ကျန်ရှိနေခဲ့လျှင်, သူမ ခံစားချက်က ဒီလောက် ပြင်းပြနေမည် မဟုတ်ပေ။ သို့သော် သူမနှင့် အလွန်တူသည့် မျက်နှာကို တွေ့မြင်လိုက်ရ၍ ဂျန်ဝုရှီက ခံစားချက်များကို ဘေးပို့ထားလို့ လုံးလုံး မရတော့ပေ။

“ကျမကို အနီးကပ် ကြည့်ခွင့်ပေးပါ” ဂျန်ဝုရှီက သူ့ခံစားချက်ကို နှိပ်ကွပ်၍ ဂျန်ချင်းကို ကြည့်သည်။ သည်အသက်အရွယ်အတိုင်း တည်ရှိနေတာနှင့် ပတ်သက်၍ သူတို့မှာ ဗဟုသုတလည်း မရှိသလို နည်းပညာလည်း မရှိချေ။ ဂျန်ဂုကို ဆယ်နှစ်ကျော်ကြာ မြေအောက်တွင် မြှုပ်နှံထားခဲ့သည်။ သူ့ခန္ဓာကိုယ်က အခုဆို အရိုးစု ဖြစ်နေသင့်ပြီ။ သို့သော် သူ ကွယ်လွန်စဉ်ကလို မပျက်မယွင်းပင် ရှိနေသည်။

ဂျန်ချင်းက ဂျန်ဝုရှီကို ချက်ချင်း လမ်းဖယ်ပေးလိုက်သည်။ လတ်တလော အဖြစ်အပျက်များကြောင့် ဂျန်ချင်းက ဂျန်ဝုရှီ၏ စကားဆိုလျှင် မျက်လုံးစုံမှိတ်၍ လက်ခံယုံကြည်ပေးလာသည်။

ဂျန်ဝုရှီက ခန္ဓာကိုယ်ကို ဂရုတစိုက် စစ်ဆေးသည်။ သွေးခုန်နှုန်း မရှိ, နှလုံးမခုန်၊ ခန္ဓာကိုယ်က အေးစက်နေသည်။ သူက သေပြီးသား ဖြစ်သည်။ သို့သော် ဂျန်ဝုရှီက ထူးဆန်းသည့်တစ်စုံတရာကို သတိမပြုမိချေ။

ဂျန်ဂု၏ အသားအရေများက ပျော့ပျောင်းနေဆဲပင် ရှိသည်။ သူ့ခြေတံ လက်တံများက မာတောင့်မနေပေ။ သည်အရာက သူသေဆုံးချိန်နှင့် ဆက်နွှယ်နေမှု မရှိချေ။ ခန္ဓာကိုယ်အနေအထားက သေဆုံးစ လူတစ်ယောက်လို ဖြစ်နေသည်။

ဆယ်နှစ်ကျော်တာတောင် အသားအရေများက ဆွေးမြည့်သွားခြင်းမရှိဘဲ ခြေတံ လက်တံများက မာတောင့်မနေတာက လုံးလုံး ယုတ္တိရှိမနေ။

ပါရမီရှင်သမားတော်Where stories live. Discover now