၂၀၀။ "စိတ်ငြိမ်ကျောက်စိမ်း - ၂"

2.5K 130 8
                                    

၂၀၀။ စိတ်ငြိမ်ကျောက်စိမ်း - ၂

စိတ်ငြိမ်ကျောက်စိမ်းလား၊ ဝိညာဉ်ကျောက်စိမ်းမဟုတ်ဘူးလားဂျန်ဝုရှီက ကြာပန်းလေးကို ကြည့်သည်။ သူက စကားတစ်လုံး အပိုထည့်ပြောသည်။ ( Soul Jade= ဝိညာဉ်ကျောက်စိမ်း၊ Soul Calming Jade=စိတ်ငြိမ်ကျောက်စိမ်း။ Calmingတစ်လုံးပို။)

ကြာပန်းလေးက အပြစ်ကင်းစင်သည့် မျက်လုံးများကို တဖျတ်ဖျတ်ခတ်လိုက်သည်။ ထို့နောက် ချီတုံချတုံဖြင့် ပြန်ပြောသည် ဝိညာဉ်ကျောက်စိမ်းက ဘာလဲ၊ ငါ မကြားဖူးဘူး၊ ဝိညာဉ်ကမ္ဘာမှာ စိတ်ငြိမ်ကျောက်စိမ်းရုပ်ပုံကို ငါ မြင်ခဲ့ဖူးတယ်၊ ဒီမှာ ရှိတဲ့ဟာနဲ့ အတူတူပဲ.... ဒီကျောက်စိမ်းထဲမှာ ဝိညာဉ်ကမ္ဘာက ဝိညာဉ်စွမ်းအင်တွေ ရှိနေတယ်။

ဝိညာဉ်စွမ်းအင်က ဘာလဲ ဂျန်ဝုရှီက ခေါင်းရှုပ်သွားပြန်သည်။ ကြာပန်းလေးက ဝိညာဉ်ကမ္ဘာမှ စကားလုံးများကိုသာ သုံးနေကျဖြစ်သည်။

ကြာပန်းလေးက ဂျန်ဝုရှီ၏ ရှုပ်ထွေးနေသည့် အမူအရာကို ကြည့်၍ ဝင့်ကြွားသည့် အပြုံးကို ပြုံးလိုက်သည်။ သူက မြေပြင်ပေါ်သို့ ဖုတ်ခနဲ ခုန်ချလာပြီး လက်ကို နောက်ပစ်ကာ ဂုဏ်ယူဝင့်ကြွားဟန်ဖြင့် ရှင်းပြသည် ငါ့သခင်မလေးက ဝိညာဉ်နယ်မြေနဲ့ ပတ်သက်လို့ သိပ်မသိဘူးသေးဘူးကိုး၊ ကောင်းပြီလေ, နင့်ကို ငါ ဖြည်းဖြည်းချင်း ရှင်းပြရတာပေါ့။

ဝိညာဉ်စွမ်းအင်ဆိုတာ ကျင့်ကြံပြီးတဲ့နောက် စာချုပ်ဝိညာဉ်တွေ ရရှိထားတဲ့ စွမ်းအားတွေဖြစ်တယ်၊ ဝိညာဉ်စွမ်းအားလို့လဲ ခေါ်တယ်၊  ငါတို့ စာချုပ်ဝိညာဉ်တွေဆိုတာ တကယ်တော့ စိတ်ဝိညာဉ်တွေသာ ဖြစ်တယ်၊ ငါတို့ စွမ်းအားကလည်း ငါတို့ စိတ်ဝိညာဉ်ရဲ့ အစိတ်အပိုင်းဖြစ်တယ်၊ စိတ်ငြိမ်ကျောက်စိမ်းက ငါတို့ ဝိညာဉ်ကမ္ဘာမှာ ရှိတဲ့ ရတနာ ၇မျိုးထဲက တစ်ခုပဲ၊ ဒါက ဝိညာဉ်တွေကို ကာကွယ်ပေးနိုင်တယ်, ကုစားပေးနိုင်တယ်၊ စိတ်ဝိညာဉ်က ဘယ်လောက်ပဲ ဆိုးဆိုးဝါးဝါး ထိခိုက်နေပါစေ, စိတ်ငြိမ်ကျောက်စိမ်းရဲ့ စွမ်းအားအောက်မှာဆိုရင် စိတ်ဝိညာဉ်က တဖြည်းဖြည်း တည်ငြိမ်လာပြီး မူလအမြုတေကို ပြန်လည် ရရှိစေနိုင်တယ်၊ တခြားလူတွေဆီကနေ ကြားဖူးတာကတော့ ရတနာ ၇မျိုးလုံး စစ်ပွဲမှာ ပျေက်ဆုံးသွားခဲ့တယ်တဲ့၊ ဝိညာဉ်ကမ္ဘာမှာ ကျန်နေတာဆိုလို့ ရုပ်ပုံတွေပဲ ရှိတော့တယ်၊ ဝိညာဉ်ကမ္ဘာ့ခေါင်းဆောင်က ရတနာ၇မျိုးလုံးကို ထောက်လှမ်းဖို့ စာချုပ်ဝိညာဉ်တွေကို နေရာမျိုးစုံကို စေလွှတ်ခဲ့တယ်။

You've reached the end of published parts.

⏰ Last updated: Jul 27, 2023 ⏰

Add this story to your Library to get notified about new parts!

ပါရမီရှင်သမားတော်Where stories live. Discover now