၁၁၂။ တိမ်ပျံအချက်ပြမီး - ၃

1.5K 127 1
                                    

၁၁၂။ တိမ်ပျံအချက်ပြမီး - ၃

သူမက ရူလင်းစစ်တပ်၏ စစ်တန်းလျားသို့ လှမ်းဝင်လာခဲ့စဉ်, ဂျန်ဝုရှီက ဂျန်မိသားစု၏ နာမည်အောက်တွင်, အရှိန်အဝါကြီးသော စစ်တပ်ကို အမိန့်ပေးနိုင်ပြီဟူ၍ သတ်မှတ်ခြင်း ခံထားရပြီး ဖြစ်သည်။

ဂျန်ဝုရှီက ဗိုလ်ချုပ် လီရန်၏ အလောင်းကို ဂရုမစိုက်တော့ဘဲ ရူလင်းစစ်တပ်ဖက်သို့ မျက်နှာလှည့်လိုက်သည်။

“ဘုရင့်သစ္စာဖောက်တွေက နေပြည်တော်ကို ခြိမ်းခြောက်နေကြတယ်, ရဲဘော်များ အားလုံး တန်းစီကြ, သင်တို့ရဲ့ တာဝန်ကို လုပ်ဆောင်ကြ, ကနေ့ည, ငါတို့က သစ္စာဖောက်တွေကို ဖော်ထုတ် ဖမ်းဆီးကြရမယ်။”

“ဟုတ်” စစ်သားများက တပြိုင်နက် အော်လိုက်ကြသည်။

သားရဲကြီး၏ အပေါ်သို့ တက်လိုက်ပြီးလျှင်, ဂျန်ဝုရှီက ခေါ်လိုက်သည် “လောင်ချီ...”

“ရှိပါတယ်” လောင်ချီက ပြန်ပြောသည်။ သူက တိမ်ပျံအချက်ပြမီးကို မသုံးစွဲတာ ဘယ်လောက်ကြာနေပြီလဲဆိုသည်ကို စဉ်းစားနေမိသည်။ သူ ရှင်းရှင်းလင်းလင်း မမှတ်မိတော့ပေ။ သို့သော် အချက်ပြမီး လင်းလက်သွားပြီး, ကောင်းကင်မှာ တလက်လက် တောက်ပနေစဉ်, သူ့ကိုယ်တွင်းမှာ ငြိမ်သက်နေသည့် မီးကလည်း လင်းလက်သွားခဲ့သည်။

“ငါ့ဆီ ဝုဝမ်ကို ခေါ်လာခဲ့။”

“ဆောင်ရွက်လိုက်ပါ့မယ်..”

“ရဲဘော်များ အားလုံး... နေပြည်တော် အပြင်ဖက်ကို ထွက်ပြေးတဲ့ သစ္စာဖောက်မှန်သမျှကို ဖမ်းချုပ်ကြရမယ်။” ဂျန်ဝုရှီက အမိန့်ပေးသည်။

ဖိုးဖိုး၏ ဆံပင်မွှေးတစ်ချောင်းကိုပင် နာကျင်စေသည့် မည်သူ့ကို မဆို, ဘုရင်ကြီးပင် ဖြစ်နေပါစေ, သူက လင်းအိမ်တော်ကို လာရှုပ်လို့ မရတာကို သိမြင်သွားစေရမည်။

ပါရမီရှင်သမားတော်Where stories live. Discover now