၁၀၄။ ပြိုင်ဘက်ကင်း ဆေးပညာ - ၃

1.4K 127 0
                                    

၁၀၄။ ပြိုင်ဘက်ကင်း ဆေးပညာ - ၃

လင်းအိမ်တော်က အားကောင်းသော်လည်း သူတို့က ချင်းယန်ကလန်၏ ပြိုင်ဘက် မဖြစ်နိုင်ချေ။ ဂျန်ဝုရှီ၏ ဆေးပညာက အသွားနှစ်ဖက်ပါ ဓားလို ဖြစ်ခဲ့ပြီ။

“နင့်ဆရာ အပြင်, နင် ဒီဆေးလုံးတွေကို ထုတ်လုပ်နိုင်တာ သိတဲ့ တခြားလူ ရှိသေးလား” ဂျန်ရှင်းယန်က တည်ကြည်လေးနက်စွာ မေးသည်။

ဂျန်ဝုရှီက အခန်းထဲရှိ လူသုံးယောက်ကို ကြည့်လိုက်သည်။ စကားမပြောဘဲ ဖြေလိုက်ခြင်းပင်။

“လောင်ချီ” ဂျန်ချင်းက အံ့အားတသင့် ပြောသည်။

လောင်ချီက ရုတ်ချည်းပင် ဒူးထောက်လိုက်သည် “သခင်လေးရဲ့ နောက်လိုက်က ကနေ့ ဘာမှ မြင်လည်း မမြင်ရပါဘူး, ကြားလည်း မကြားရပါဘူး။” သူ့မျက်နှာပေါ်မှ ချွေးသီးတစ်ပေါက် ကျဆင်းသွားသည်။ သည်ဆေးသာ အပြင်သို့ ပေါက်ကြားသွားလျှင် ရုတ်ရုတ်သဲသဲ ဖြစ်သွားမည်ဆိုတာကို သခင်မလေးက သဘောပေါက်ဟန် မရပေ။

“မင်းက ငါတို့နဲ့ အတူတူ ငယ်ငယ်လေးကတည်းက ရှိနေခဲ့တာ, ငါ မင်းကို ယုံတယ်၊ မှတ်တော့ထားပါ, ကနေ့ ဒီအခန်းထဲမှာ မင်းကြားထားသမျှကို စကားတစ်လုံးတစ်လေတောင် အပြင် ပေါက်ကြားလို့ မဖြစ်ဘူးဆိုတာကိုပဲ၊ အဲလိုသာ ပေါက်ကြားသွားရင် ဂျန်မိသားစုက ပျက်စီးမယ်ဆိုတဲ့ သဘော သက်ရောက်သွားပြီ။”

“ဟုတ်, နားလည်ပါပြီ။”

ဂျန်ဝုရှီက သည်ကိစ္စအပေါ် သူတို့ တုံ့ပြန်ပုံကြောင့် အံ့အားသင့်နေမိသည်။

ဒီဆေးက..... ဒီလောက်တောင် ကိစ္စကြီး ဖြစ်နေသတဲ့လား။

သူမက အလွန် အကြမ်းပတမ်းခံနိုင်ရည် အကျိုးသက်ရောက်စေနိုင်သည့် ဆေးကို ဖော်စပ်ရန် စီမံကိန်း ချထားသော်လည်း, ဆေးဖက်ဝင်များ မလုံလောက်သည့် အတွက် မဖြစ်နိုင်ခဲ့ပေ။ ဘာ့ကြောင့်များ ဒီလို တန်ဖိုးသေးငယ်သည့် ဆေးလုံးများနှင့် ပတ်သက်ပြီး သူမဦးလေးနှင့် ဖိုးဖိုးက စိုးရိမ်တကြီး ဖြစ်နေရသနည်း။

ပါရမီရှင်သမားတော်Where stories live. Discover now