၇။ မဖိတ်ခေါ်ထားသည့် ဧည့်သည်များ - ၁

2.2K 229 0
                                    

အခန်း(၇) မဖိတ်ခေါ်ထားသည့် ဧည့်သည်များ - ၁

ဂျန်ဝုရှီ အိပ်ရာပေါ်တွင် ပြန်လည် အနားယူသွားသည်ကို ကြည့်လိုက်ပြီး သူမက သူ၏ တောင်းဆိုချက်ကို လက်ခံမှန်း ဂျန်ဝုယောင်း သိလိုက်၏။

ကံကောင်းသည့် အချို့အချက်ကြောင့် သူက သူ၏ လွတ်လပ်မှုကို ပြန်လည် ရရှိခဲ့သည်။ သူ့အား မိုးကောင်းကင်က ကောင်းချီးပေးပြီဆိုမှတော့ သူက သူ၏ ဆုံးရှုံးမှု မှန်သမျှကို ပြတ်သားစွာ ပြန်လည် ရယူရမည်။ သူက လက်တုံ့မပြန်ရသေးခင်မှာ သူ၏ အင်အားကို အထွတ်အထိပ်သို့ ရောက်အောင် ပြန်လည် တည်ဆောက်ယူရအုံးမည်။ သူ့လမ်းကြောင်းမှာ စိတ်ဝင်စားစရာကောင်းသည့် သည်မိန်းကလေးကို တွေ့ကြုံရတာက သူ့ဘဝကို မငြီးငွေ့စေတော့။ သူမက ငြီးငွေ့စရာကောင်းသည့် အခြားသူများနှင့် မတူပေ။ သည်နေရာမှာ နေရတာက ပျော်ရွှင်စရာ ဖြစ်နေပေလိမ့်မည်။

နောက်ရက်များမှာ ရှားပါးသည့် ဆေးလုံးများ ဆေးရည်များကို သူမအခန်းသို့ ပို့ဆောင်လာခဲ့သည်။ ထိုစဉ်အတွင်း တိုင်းပြည်တွင် အတော်ဆုံးသမားတော်များကို ဂျန်ဝုရှီအား ကုသရန်အတွက် ဆင့်ခေါ်လိုက်သည်။

သူမသာ ရွေးချယ်ခွင့်ရလျှင် သူ့ဘာသာ ကုသပြီးနေလောက်ပြီ။

ဆံဖြူ သမားတော်အိုကြီးများ၏ ဆေးညွှန်းများ ကုသပုံများကို ကြည့်ရှူပြီး ဂျန်ဝုရှီက ဒေါသထွက်လွန်းသဖြင့် တုန်ယင်နေခဲ့သည်။ သူတို့က လုံးဝ အတုအယောင်များသာ။

သူမသာ ဆိုလျှင် သည်လိုဒဏ်ရာများကို ဆယ်ရက်အတွင်းမှာ လွယ်ကူစွာ ကုသနိုင်မည် ဖြစ်၏။ သို့သော် သမားတော်ဆိုသူတို့၏ ပါးစပ်မှ ထွက်လာကြသည်က တလထက် မနည်း ကုသရမည်ဟူ၏။

သည်ကာလအတွင်းမှာ သူမအဖိုးက သူမအား ပြန်လည်ကုသခြင်းကို စစ်ဆေးဖို့ နေ့စဉ် လာနေခဲ့သည်။ ဂျန်ဝုယောင်းက လာရောက်ခဲလှသည်။

သူမက နောက်ဆုံးတွင် သူမဘာသာ လမ်းလျှောက်နိုင်သည်အထိ ပြန်လည် ကောင်းမွန်သည့်အချိန်မှာတော့ ဂျန်ဝုယောင်းက တံခါးဝမှာ ပေါ်လာလေသည်။

နင်က နောက်ဆုံးတော့ အတော်သက်သာသွားပုံပဲ သူက တံခါးကို မှီလျက် ပြုံးစစဖြင့် ပြောလာသည်။ ထို့နောက် သူ့မျက်နှာမှာ မိစ္ဆာဆန်သော အပြုံးက လင်းလက်သွားလေသည်။

ပါရမီရှင်သမားတော်Where stories live. Discover now