၁၇၉။ ချင်းယန်ကလန်၏ စွမ်းအား - ၁

1.3K 86 0
                                    

၁၇၉။ ချင်းယန်ကလန်၏ စွမ်းအား - ၁

မိုရွှမ်ဖေးနှင့် အတူတူ အကျဉ်းခန်းတစ်ခုထဲတွင် ရှိနေသည့် နန်းကျဘုရင်က တစ်ဖက်အကျဉ်းခန်းထဲတွင် ရှိနေသည့် ဘိုင်ယန်ရှင်းအန်ကို တိတ်ဆိတ်စွာ ကြည့်နေသည်။ သူ့မျက်လုံးများက အမုန်းကြောင့် ကျဉ်းမြောင်းနေသည်။ ဘိုင်ယန်ရှင်းအန်က အရူးထပြီး လိပ်ပြာလေးကို ဝေးကွာလွန်းသည့် ချင်းယန်ကလန်ကို မပို့ခဲ့လျှင်, သူတို့က စောစောစီးစီး ကယ်တင်ခံရလောက်ပြီးပြီ။ ဘိုင်ယန်ရှင်းအန်က ဆိုးရွားရက်စက်လွန်းသည့် အဆိပ်ကို ပြည်သူလူထုအပေါ်မှာ မသုံးစွဲခဲ့လျှင်, ဂျန်ဝုရှီက သူတို့စစ်တပ်ကို နန်းတွင်းသို့ ခေါ်ဆောင်လာဖို့ အကြောင်းပြချက် ရှိလာမည် မဟုတ်ပေ။

သူလည်း နန်းစွန့်ရမည် မဟုတ်သလို မိုရွှမ်ဖေးလည်း သည်လို ကြောက်စရာ သားရဲကြီးလို ဖြစ်နေမည် မဟုတ်ပေ။

သည်ကိစ္စအားလုံးက သည်မိန်းမကြောင့်။

နုံလွန်း အလွန်းပြီး သူမလုပ်လိုက်သမျှ အကုန်လုံးက အရှုံးချည်းပဲ ဖြစ်သည်။

ဘိုင်ယန်ရှင်းအန်က အသည်းအသန် ကြောက်လန့်နေသဖြင့် အမုန်းများဖြင့် ပြင်းထန်နေသည့် အကြည့်ကို သတိမထားမိချေ။ သူမက မိုရွှမ်ဖေးလို ကြောက်စရာပုံစံ ပေါက်မသွားဖို့သာ အာသီသပြင်းပြနေပြီး ဆုတောင်းနေသည်။

ထိုအခိုက်မှာ ချစ်ခင်မြတ်နိုးခြင်း စုံမက်နှစ်သက်ခြင်းတို့က သူမစိတ်တွင် လုံးလုံး အစအန မရှိတော့ဘဲ အသက်ရှင်ဖို့သာ သူမ၏ ဦးစားပေး အတွေး ဖြစ်နေသည်။

နန်းကျဘုရင်က ဘိုင်ယန်ရှင်းအန်ကို ဆက်လက်၍ စူးစူးရဲရဲ ကြည့်နေသည်။ အခြေအနေတွေက သည်လိုဖြစ်လာမှတော့ သူက သူ့ကိုယ်သူ မျှော်လင့်ချက် မထားတော့ပေ။ သို့သော် ဂျန်ဝုရှီ၏ ချင်းယန်ကလန်ကို ဘိုင်ယန်ရှင်းအန်မှ တစ်ဆင့် လှည့်စားလိုခြင်းက လွယ်လွယ်ကူကူ အလုပ်ဖြစ်မည် မဟုတ်ပေ။

ပါရမီရှင်သမားတော်Where stories live. Discover now