၁၂၇။ ဒါက အစပဲ ရှိသေးတယ် - ၁

1.5K 129 0
                                    

၁၂၇။ ဒါက အစပဲ ရှိသေးတယ် - ၁

“တော်ဝင်အဖေ, ဒီချီးမြှောက်မှုက ကြီးကျယ်လွန်းပါတယ်။” မိုချင်းယွမ်က ယဉ်ကျေးစွာ ပြန်ပြောသည်။

“အိမ်ရှေ့စံနဲ့ လင်းအိမ်တော် နှစ်ဦးလုံးက ကနေ့အဖြစ်အပျက်ရဲ့ အကျိုးအမြတ်တွေနဲ့ ထိုက်တန်ပါတယ်၊ ငါကိုယ်တော် သင့်လျော်တဲ့ ဆု ချီးမြှင့်ဖို့ ဆုံးဖြတ်လိုက်ပါ့မယ်၊ အခုတော့ အလွန်လည်း ညနက်နေပါပြီ၊ ပြီးတော့ ဂျန်ရှင်းယန်ကလည်း ပင်ပန်းလွန်းနေပါပြီ၊ ပြန်သွားပြီး အနားယူကြတော့, ငါတို့ တိုင်းပြည်က မင်းတို့ မရှိဘဲနဲ့ ဘာမှ မလုပ်နိုင်ပါဘူး၊ ဒါက အဓိကအင်အား တစ်ရပ်ပါဘဲ။”

ဘုရင်ကြီးက အပေါ်ယံမှာတော့ ပြုံးပြနေသည်။ သို့သော် စိတ်ထဲမှာ အရှက်ခွဲခံရခြင်းကြောင့် ဖြစ်ပေါ်လာသည့် အမျက်ဒေါသကို မျိုသိပ်နေရသည်။ ကနေ့ည ဂျန်ဝုရှီ သူ့အား ဂုဏ်သိက္ခာကျဆင်းအောင် အရှက်ခွဲခြင်းကို သူ တစ်ခါမျှ မခံစားခဲ့ရစဖူးပေ။

သူက မိစ္ဆာနတ်ဆိုးမ၏ သည်နေရာမှ အဝေးသို့ ထွက်ခွာသွားမှာကိုသာ လိုလားနေပြီး နောက်ထပ် မည်သည့် မတော်တဆမှုမျှ မဖြစ်ပေါ်လာဖို့ ဆုတောင်းနေမိသည်။

ဂျန်ရှင်းယန်က ပြန်ပြောဖို့ အလျင်မလိုပေ။ သူက ဂျန်ဝုရှီကို ကြည့်နေသည်။ စကားနည်းသည့် သူမက ကိစ္စများကို အဆုံးသတ်ပေးဖို့ အာဏာကို ယူဆောင်လာခဲ့သူ မဟုတ်လား။

ဂျန်ဝုရှီက သူမဖိုးဖိုး ပြန်ပေါ်ထွက်လာခြင်းကြောင့် အမျက်ဒေါသများက တည်ငြိမ်သွားခဲ့သည်။ အေးစက်တည်ငြိမ်သည့် အမူအရာသာ ကျန်ရှိနေပြီး သူမက ပြန်ပြောသည် “ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး၊ ဒါပေမဲ့ တရားခံတွေက ကျန်ရှိနေပါသေးတယ်၊ ကျမ တိုးချဲ့ ဖမ်းဆီးနိုင်ဖို့ အိမ်ရှေ့စံရဲ့ ဉာဏ်ပညာကို လိုအပ်နေပါသေးတယ်၊ ဒါ့ကြောင့် သူ့ကို ဆွေးနွေး ညှိနှိုင်းဖို့ ဖိတ်ခေါ်သွားပါ့မယ်၊ အရှင့်ကျေးကျွန်တွေ ဖမ်းမမိလို့ လွတ်ထွက်သွားတဲ့ တရားခံတွေ ရှိနေသေးလို့ပါ။”

ပါရမီရှင်သမားတော်Where stories live. Discover now