၁၃၆။ ချည့်နဲ့သွားသည့် နန်းပလ္လင် - ၁

1.5K 116 0
                                    

၁၃၆။ ချည့်နဲ့သွားသည့် နန်းပလ္လင် - ၁

ဂျန်ဝုရှီက အခုထိ သည်ကမ္ဘာမှ ဝိညာဉ်စွမ်းအားနှင့် အသားမကျသေးပေ။ သူမမှာ ရှိသည့် အနီရောင်ဝိညာဉ်အော်ရာက မည်မျှထိ ရောက်ရှိနေပြီလဲဆိုသည်ကို သူမ မဆုံးဖြတ်နိုင်ပေ။

သူမ ဖြေရှင်းရမည့် အခြေအနေက သူမကို စောင့်ဆိုင်းခွင့်မပြုခဲ့ပေ။ ဂျန်မိသားစုကို ခြိမ်းခြောက်သည့်အရာများကို ဖယ်ရှားပစ်ခြင်းက ဦးစားပေး ဖြစ်သည်။

အချိန်က များများစားစား မကျန်တော့ချေ။

================================

ချီဘုရင့်နန်းတွင်းရှိ စာကြည့်ခန်းတွင်, ဘုရင်ကြီးက နက်မှောင်နေသည့် မျက်နှာဖြင့် ထိုင်နေသည်။ ကြောက်စရာပင်။

မိုရွှမ်ဖေးက ထောင့်တစ်နေရာတွင် ခပ်ရို့ရို့ ထိုင်နေသည်။ သူ့ခေါင်းကို အောက်စိုက်ထားသည်။

တစ်ညအတွင်းမှာပင် သည်နယ်မြေကို အုပ်ချုပ်စီမံနေသူများက ခါးသီးစွာ ချေမှုန်းခံလိုက်ကြရသည်။ သူတို့၏ ဂုဏ်မာနနှင့် သြဇာအာဏာတို့က မြေမှုန့်အတွင်းသို့ ပြိုဆင်းကျရောက်သွားကြသည်။

“မင်းက အသုံးမကျတဲ့ အမှိုက်တစ်စသာသာပဲ... မင်း ဘာလုပ်ခဲ့သလဲ ပြန်ကြည့်စမ်း, မင်းက ဂျန်ဝုရှီနဲ့ ဒီလောက်ကြာအောင် တွဲနေခဲ့တာတောင် သူမ လုပ်နိုင်စွမ်းကို သတိမထားမိခဲ့ဘူးလား၊ အခုတော့, သူမက ငါတို့ မျက်နှာတွေကို ရွံ့သုတ်သွားပြီ၊ ရှက်ဖို့ ကောင်းလိုက်တာကွာ” ဘုရင်ကြီးက မိုရွှမ်ဖေးကို ဒေါသတကြီးဖြင့် စူးစူးရဲရဲ ကြည့်သည်။ လူများက မကောင်းပြောပြီး ရှောင်ဖယ်ခံခဲ့ရသည့် သည်မိန်းမငယ်လေးက ထိုလူများကပင် သူရဲကောင်းအဖြစ် အသိအမှတ်ပြုသွားမည်ဟူ၍ သူ အိပ်မက်ပင် မမက်ခဲ့ဖူးပေ။

အဖြစ်အပျက်ပေါင်းစုံက ကနေ့ညတွင် လူထုရှေ့တွင် ဖြစ်ပျက်သွားခဲ့သည်။ သည်အဖြစ်အပျက်များကို ရိုင်းစိုင်းပြီး ဇွတ်လုပ်တတ်သည့် မိန်းမငယ်လေး၏ လုပ်ရပ်ဆိုတာ ဖြစ်နိုင်ပါလေစ။

ပါရမီရှင်သမားတော်Where stories live. Discover now