၇၇။ ငါ့ကို မနှောင့်ယှက်နဲ့ - ၁

1.5K 164 2
                                    

၇၇။ ငါ့ကို မနှောင့်ယှက်နဲ့ - ၁

ဂျန်ဝုရှီက ဝိညာဉ်စွမ်းအားများကို ငြိမ်သက်စွာ စုပ်ယူနေသဖြင့် အချိန်ကို သတိမပြုတော့ချေ။

အပြင်ဖက်မှာ မှောင်သွားပြီး ငွေရောင်အဆင်း လမင်း၏ အလင်းရောင်က ပြူတင်းပေါက်ကို ဖြတ်ကျော်၍ ဝင်ရောက်စီးဆင်းလာသည်။

“အတော်ကောင်းတဲ့ အနံ့ပဲ။”

ဂျန်ဝုရှီက ခေါင်းမော့လိုက်ပြီး လှည့်မကြည့်ခင်မှာပင် သူမနောက်ကျောဖက်မှ လက်တစ်စုံ၏ အဖက်ကို ခံလိုက်ရသည်။ လက်တစ်စုံက သန်မာပြီး ပိုင်စိုးပိုင်နင်းနိုင်လှသည်။

“နင်က ပိန်သေးသေးလေးရယ်၊ ဒါတောင်မှ နင်က ဝိုင် သောက်ချင်နေတုန်းလား” စနောက်လိုသည့် အသံက နောက်ကျောဖက်မှ ထွက်လာသည်။ ဂျန်ဝုယောင်းက သူပွေ့ဖက်ထားသည့် မိန်းကလေးကို နူးညံ့စွာ ကြည့်လိုက်သည်။

အခန်းထဲသို့ သူ မဝင်ခင်, သိပ်သည်းထူထပ်သည့် ရနံ့ကို ဝေ့ခနဲ ရလိုက်သည်။ ၎င်းရနံ့က ရင်းနှီးနေကျ ရနံ့ဖြင့် ရောစပ်နေသည်။ သည်ရင်းနှီးနေကျရနံ့က ဂျန်ဝုရှီ ကိုယ်ပေါ်မှာ ရှိနေသည့် ကြာပန်းရနံ့ ဖြစ်သည်။

သည်ရနံ့က အလွန် စိတ်ကျေနပ်ဖွယ်ကောင်းသည့် ရနံ့ ဖြစ်သည်။

သူမက ခေါင်းငဲ့လိုက်ပြီး သူ့ကို မထူးခြားသည့် အမူအရာဖြင့် ဖျတ်ခနဲ ကြည့်လိုက်သည်။ သူ့အမူအရာနှင့် လုပ်ပုံကို သူမက အလေ့အကျင့် ဖြစ်နေခဲ့လေပြီ။ သူမ၏ တစ်ချို့ ခန္ဓာကိုယ် အစိတ်အပိုင်းများက မလိုလားသော်လည်း သူမအား တကယ်တော့ သက်ရောက်မှု မရှိချေ။ ထို့ကြောင့် သူမက သည်ကိစ္စမျိုးနှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှု မရှိချေ။ သူမက သူနှင့် ငြင်းခုံနေရင်း အချိန်းမဖြုန်းတီးလိုပေ။ ထို့ကြောင့် သူမက ထိုကိစ္စကို အရေးတယူ မလုပ်တော့ပေ။

သူက သူမဘေးဖက်သို့ ရွှေ့လိုက်ပြီး သူမကို စွေ့ခနဲ ပွေ့ချီကာ သူ့ပေါင်ပေါ်သို့ တင်ထားလိုက်သည်။ သူက သူမကို နောက်ဖက်မှ ဆက်လက်၍ ဖက်ထားဆဲပင်။ “ဒါဆို.... အဲကောင် မိုချင်းယွမ် ပေးလိုက်တဲ့ ဟာပေါ့” သူက ပြုံးနေဆဲ ဖြစ်သော်လည်း သူ့မျက်လုံးထဲတွင် သတ်ဖြတ်လိုသည့် အရိပ်အယောင်ကို တွေ့မြင်နိုင်သည်။ သူက ဝိုင်ကို မကျေနပ်ကြည့် ကြည့်လိုက်သည်။

ပါရမီရှင်သမားတော်Where stories live. Discover now