၁၈၄။ ပုန်းအောင်းခြင်း - ၂

1.1K 78 0
                                    

၁၈၄။ ပုန်းအောင်းခြင်း - ၂

“ငါ့ကောင်မလေး, ဒီမှာ တကယ် ဘာဖြစ်ခဲ့တာလဲ၊ နင်က လိပ်ပြာလေးကို ပို့လိုက်တာ အလန့်တကြားနဲ့၊ တစ်ယောက်ယောက်က နင့်ကို အနိုင်ကျင့်ခဲ့ရင်, ငါ ပြတ်ပြတ်သားသား တရားဆုံးဖြတ်ပေးမယ်။” ချင်ယုယန်က ရယ်မောရင်း နှစ်သိမ့်ပေးသည်။ သူမအသံက နူးညံ့ချိုသာနေပြီး စိတ်ချမ်းသာစေသည်။

ဘိုင်ယန်ရှင်းအန်၏ သွေးကြောက ပုံမှန်သာ ဖြစ်သည်။ အပြင်ပန်းဒဏ်ရာလည်း မရှိ။ အတွင်းပိုင်း ထိခိုက်ထားတာလည်း မရှိချေ။

သူတို့ ရောက်ရှိလာစဉ် အခြေအနေနှင့် အရင်က ချင်းယန်ကလန်ကို ဘိုင်ယန်ရှင်းအန် ပို့လိုက်သည့် အဖြစ်အပျက်က ကွဲပြားလွန်းနေသည်။ ချင်ယုယန်က ဘယ်လို ပြကွက်လဲဆိုတာကို ကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။

ဘိုင်ယန်ရှင်းအန်က နှလုံးသားထဲတွင် ငိုနေလေပြီ။ သို့သော် သူက ရှက်ကိုးရှက်ကန်းဖြစ်ဟန်ဆောင်ပြီး ပြောသည် “ကျမမှာ ရွေးစရာ မရှိခဲ့ဘူး၊ ရွှမ်ဖေးက အဆိပ်မိနေခဲ့တယ်၊ ကျမ တတ်နိုင်သမျှ ကြိုးစားပေမဲ့ ကုသနည်းကို ရှာဖွေမရ ဖြစ်နေခဲ့တယ်၊ သူက အခု သေမင်း တံခါးဝမှာ ရောက်နေပြီ၊ သူ့ကို ကယ်နိုင်တာ ဆရာသာလို့ ကျမ စဉ်းစားမိပြီးတော့.... ဒီလို ဇာတ်လမ်းကို ထွင်လိုက်တာပါ။”

ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားသည်။ ဘိုင်ယန်ရှင်းအန်၏ စကားများက လူတိုင်းကို အံ့အားသင့်စေသည်။

ဘယ်လို လှည့်စားချက်လဲ။ ဒီဇာတ်လမ်းက သူတို့ ကြားခဲ့ရတာနဲ့ တခြားစီမို့လား.....

သူတို့ ချင်းယန်ကလန်မှ ထွက်လာစဉ်မှာ, သူတို့အားလုံး သိထားသည်က... တစ်စုံတစ်ယောက်က ချီတိုင်းပြည်မှာ အတင့်ရဲပြီး ဘိုင်ယန်ရှင်းအန်ကို ထိခိုက်နာကျင်အောင် စီမံလုပ်ဆောင်နေသည်ဟူ၍ ဖြစ်သည်။ သို့သော် ဘိုင်ယန်ရှင်းအန်ကိုယ်တိုင် ပြောတာက လုံးဝ ကွဲပြားနေသည့် ဇာတ်လမ်းဖြစ်နေသည်။

ပါရမီရှင်သမားတော်Where stories live. Discover now