၁၇၇။ ကိစ္စများကို ကိုင်တွယ်ဖြေရှင်းခြင်း - ၃

1.2K 84 0
                                    

၁၇၇။ ကိစ္စများကို ကိုင်တွယ်ဖြေရှင်းခြင်း - ၃

မိုရွှမ်ဖေးက ထောင့်တစ်နေရာမှာ ပုန်းနေချင်သော်လည်း ဘီးတပ်ကုလားထိုင်ပေါ်တွင် ဘောင်ခတ်ခံထားရ၍ မည်သည့်နေရာသို့မျှ မသွားနိုင်ပေ။

“ဘာ...ဘာ လုပ်မလို့လဲ”မိုရွှမ်ဖေးက ကြောက်ရွံ့၍ ထုံ့ပိုင်းထုံ့ပိုင်းဖြင့် ပြောသည်။ သူ့ စာချုပ်ဝိညာဉ် ပျက်စီးသွားကတည်းက ခန္ဓာကိုယ်တွင်သာမက စိတ်မှာပါ ဒဏ်ရာရသွားခဲ့သည်။ နာကျင်ခြင်းက လျော့ကျသွားသော်လည်း ဂျန်ဝုရှီကို မြင်လိုက်ရသည့်အခါမှာတော့ အတိုးချလျက် တိုးတက်နာကျင်လာရသည်။

ဂျန်ဝုရှီက သူ့ကို တစ်ချက်ကြည့်လိုက်သည်။ ဘာမျှတော့ မပြောပေ။ သို့သော် သူမက တစ်ဖက် အကျဉ်းခန်းသို့ လှည့်ကြည့်လာသည်။

၎င်းအကျဉ်းခန်းထဲရှိ မိန်းကလေးက သူ့ဒူးခေါင်းများကို တင်းတင်းကျပ်ကျပ် ဖက်ထားသည်။ သူမက ထောင့်စွန်းလေးမှာ အကောင်းဆုံး ပုန်းအောင်းနေ၏။ သူမ၏ တုန်လှုပ်နေခြင်းကြောင့် ကောက်ရိုးခြောက်များက တရွှမ်းရွှမ်း အသံမြည်နေသည်။

ချောင်ကျနေပြီး ဖိုသီဖတ်သီ ဖြစ်နေသည့် မိုရွှမ်ဖေးနှင့် နှိုင်းစာလျှင် ဘိုင်ယန်ရှင်းအန်က အတော်အတန် ကောင်းမွန်စွာ အဆက်ဆံခံထားရသည်။

သူမကို အကျဉ်းခန်းထဲတွင် ချုပ်နှောင်ထားသော်လည်း သူမ လွတ်လပ်ခွင့်ကို ထိန်းချုပ်မထားပေ။ ရူလင်းစစ်သား အစောင့်များက သူမအား လတ်ဆတ်သည့် အစားအစာနှင့် သန့်ရှင်းသည့် သောက်ရေကို ပေးထားသည်။ ရေနွေးဖြင့် မျက်နှာသစ်ခွင့် ရှိသည်။ အဝတ်သန့်သန့်ကို လဲခွင့်ပေးထားသည်။ သည်အရာအားလုံးကို ချင်းယွမ်ကလန်၏ တပည့်ဖြစ်နေသဖြင့် ရရှိနေခြင်း ဖြစ်သည်။ ထို့ကြောင့် သူမက သန့်ရှင်း တောက်ပြောင်နေပြီး ကြည့်ပျော်ရှုပျော်ရှိနေသည်။

မတူကွဲပြားစွာ ဆက်ဆံထားသဖြင့် သူမမှာ မျှော်လင့်ချက် လောင်မြိုက်နေသည်။ သူမကို ဂျန်ဝုရှီက မသတ်လောက်ဘူးဟူ၍ မျှော်လင့်ထားသည်။

ပါရမီရှင်သမားတော်Where stories live. Discover now