၁၄၂။ မူးယစ်သွားသော ကြာပန်းလေး - ၃
“....................”ဂျန်ဝုရှီ မှင်သက်အံ့သြသွားသည်။
သူမမှာ စာချုပ်ဝိညာဉ် တစ်ခုသာ ရှိသည်လေ.....
အနက်ရောင် သားရဲကြီးက ငွေရောင် ဆံပင်ပိုင်ရှင် လူငယ်ကို မျက်လုံးပြူး၍ ကြည့်နေမိသည်။
(ဝ... ဝတုတ်လေး) သူက မသေချာ မရေရာ ဖြစ်နေသည်။
ငွေရောင်ဆံပင်ပိုင်ရှင် လူငယ်က ရွံ့တွန့်တွန့် ဖြစ်နေသည်။
“မင်းကသာ ဝတုတ်... ငါ့လို ကြည့်ကောင်းတဲ့ သူကိုများ .. ငါ့ ဘယ်နေရာမှာ သီးသန့် ဖောင်းကား ဝတုတ်နေနတာ ရှိလို့လဲ။”
(........................) အနက်ရောင် သားရဲကြီးက ပြောစရာ စကား ပျောက်ရှသွားရသည်။
ဒီမှာ ဘာတွေ ဖြစ်နေလဲဆိုတာကို ငါ့ကို ဘယ်သူ ပြောပြနိုင်မလဲ။
ဘယ်လိုလုပ်ပြီးတော့... နူးညံ့ပြီး ကြောက်ရွံ့တတ်တဲ့ ဝတုတ်လေးက ဒီလို ကြည့်ကောင်းတဲ့ လူငယ်အသွင် ဖြစ်သွားရတာလဲ။
သူက သန္ဓေပြောင်းသွားတာလား။
“ငါက ဘုရင်အဆင့် အပြာရောင် ဆီးနှင်းကြာပန်း, ဒါမှမဟုတ် မင်းက ငါ့ကို အမူးသမား ကြာပန်းလို့လည်း ခေါလို့ရတယ်၊ ဟို ပျော့တိပျော့ဖတ် ဝတုတ်နဲ့ ငါ့ကို လာ မနှိုင်းယှဉ်နဲ့။” ငွေရောင် ဆံပင်ပိုင်ရှင် လူငယ်က လက်ပိုက်၍ မခံချိမခံသာဖြင့် ပြောသည်။
သူက အနည်းငယ် ကြီးထွားလာသည်နှင့် မာနလည်း ကြီးလာသည်။ အနက်ရောင်သားရဲကြီးက သူ့ကို မတူသည့် အမြင်ဖြင့် ကြည့်နေမိသည်။
“ကောင်းပြီလေ, ငါတို့ ကိစ္စကို ရှင်းကြရအောင်၊ မင်းက ငါ့ကို မကြာခဏ အနိုင်ကျင့်ခဲ့တယ်၊ မင်း အဲဒါ ပျော်ရဲ့လား၊ လာစမ်းပါ, ငါတို့ ဘယ်သူနိုင်မလဲ ဖြေရှင်းကြရအောင်” အမူးသမား ကြာပန်းက မျက်လုံးများကို ကျဉ်းမြောင်းလိုက်သည်။