၃၆။ ပြောင်းလဲခြင်း - ၂

1.6K 206 2
                                    

၃၆။ ပြောင်းလဲခြင်း - ၂

သူမြေးမလေးက မည်မျှလောက် ထက်မြက်ကြောင်းကို တစ်လောကလုံး ကြားရအောင် သူ အော်ဟစ်လိုက်ချင်သည်။ အခြားသက်ကြားအိုကြီးများ ရှေ့မှာ သူ့မြေးမလေးကို ကြွားပစ်လိုက်ချင်သည်။ သူတို့၏ ရှော့ရသွားသည့် အမူအရာများကို ပီတိတဖြာဖြာဖြင့် ကြည့်လိုက်ချင်သည်။ သူမကို အမှိုက်ဟူ၍ မည်သူခေါ်ဝံ့သလဲ ကြည့်လိုက်ချင်သည်။

လင်းအိမ်တော်၏ လတ်တလော အကျပ်အတည်းကို ဂျန်ဝုရှီ၏ အကူအညီကြောင့် ပယ်ဖျက်ပစ်နိုင်တော့မည်။ သူမက လင်းအိမ်တော် ပြန်လည်အားကောင်းလာဖို့ သော့ချက်ဖြစ်သလို လင်းအိမ်တော်သည်လည်း သူမကို ဘေးကင်းလုံခြုံစေဖို့ အကာအကွယ်တစ်ခု ဖြစ်လို့နေသည်။ ဂျန်ချင်း ပြန်လည် ကောင်းမွန်လာသည့်တိုင်အောင် သူတို့က အရာရာကို ဖုံးကွယ်ထားရပေအုံးမည်။

ဂျန်ရှင်းယန်က တစ်စုံတစ်ယောက်၏ ကြီးကျယ်သည့် လုပ်ကြံမှု‌အောက်တွင် အကြီးအကျယ် ထိခိုက်ခဲ့ရသည်။ ထိုလုပ်ကြံမှုက သူ့အချစ်ဆုံး သားတစ်ယောက်ကို ဆုံးရှုံးစေခဲ့ပြီး သားတစ်ယောက်ကို ပုံမှန်အတိုင်း ပြန်မဖြစ်အောင် ဒဏ်ရာ ရစေခဲ့သည်။ လင်းအိမ်တော် လုံခြုံစိတ်ချရစေဖို့ သူက ရူလင်းစစ်တပ်ကို သည်နှစ်များမှာ လျှော့ချခဲ့ရသည်။ ဂျန်ချင်း ပြန်လည်ကောင်းမွန်ခြင်းကိုသာ သူတို့ တွေ့ရှိခဲ့ပါက, ဂျန်ချင်းကို ကုသသူက ဂျန်ဝုရှီဆိုသည်ကိုသာ သိရှိခဲ့ကြပါက, သူ့အစွမ်းအစဖြင့်ပင် သူတို့နှစ်ယောက်လုံးကို ကာကွယ်စောင့်ရှောက်နိုင်မလား မသေချာ မရေရာပေ။

အခု ဂျန်ဝုရှီ၏ လုံခြုံရေးက ထိပ်တန်း ဦးစားပေးအဆင့် ဖြစ်နေလေပြီ။

ဂျန်ရှင်းယန်၏ အမိန့်အောက်တွင် ဂျန်ဝုရှီက သူမ လုပ်ချင်သည်များကို ချုပ်ချယ်မှုမရှိ မေးမြန်းမှုမရှိ လုံးဝ လွတ်လွတ်လပ်လပ် လုပ်ခွင့် ရသွားခဲ့ပြီ။ တစ်စုံတစ်ခုကို လုပ်ဖို့ စေခိုင်းလျှင် အစေခံများက ဖင့်နှေးကြန့်ကြာမှု မရှိဘဲ ဆောင်ရွက်ပေးကြသည်။

ပါရမီရှင်သမားတော်Where stories live. Discover now