၉၂။ ပထမရိုက်ချက် - ၃

1.4K 146 1
                                    

၉၂။ ပထမရိုက်ချက် - ၃

ဂျန်ဝုရှီ ကျောက်စိမ်းနှင်းပွင့်ဆေးလုံးကို ပြုလုပ်နိုင်မည်ဟူ၍ မည်သူမျှ မယုံကြည်ကြချေ။ သည်ဆေးလုံးကို စစ်ဆေးအတည်ပြုခြင်းသည် ထူးခြားသွားမည် မဟုတ်ပေ။

ဂျန်ဝုရှီက မိုချင်းယွမ်ကို စဉ်းစားရင်း ကြည့်လိုက်သည်, ဘိုင်ယန်ရှင်းအန်သာ ဆေးလုံး၏ စစ်မှန်မှုကို စစ်ဆေးဖို့ ငြင်းဆိုလျှင်, သူမအား စစ်ဆေးဖို့ လုပ်စေနိုင်မည့် နည်းလမ်းကို သူမ စဉ်းစားထားပြီး ဖြစ်သည်။ မိုချင်းယွမ်၏ ကြားဖြတ်လိုက်ခြင်းကြောင့် သူမ တိတ်ဆိတ်စွာသာ နေလိုက်သည်။

မိုချင်းယွမ်က ချင်းယန်ကလန်၏ နာမည်ကို သည်ကိစ္စထဲ ဆွဲထည့်လိုက်သည့်အတွက်, ဘိုင်ယန်ရှင်းအန်အား ဆေးလုံး၏ စစ်မှန်ကြောင်းကို စစ်ဆေးဖို့ ဖိအား ဖြစ်သွားစေခဲ့သည်။ တည်ငြိမ်အေးဆေးသလို ဟန်ဆောင်ထားသည့် သူမမျက်နှာအောက်တွင် သူမ နှလုံးသားက ဂျန်ဝုရှီနှင့် မိုချင်းယွမ်ကို မုန်းတီးခြင်းက နက်ရှိုင်းစွာ နေရာဝင်ယူသွားသည်။ သူမအား သည်လို ပုံစံမျိုးဖြင့် မည်သူမျှ အရဲတင့်စွာ မပြောဆိုခဲ့ဖူးပေ။

ဘိုင်ယန်ရှင်းအန်က အေးစက်စွာ ပြုံးလိုက်သည်။ ထို့‌နောက် ဆေးပုလင်းကို  ဖွင့်လိုက်သည်။

လှစ်ဟလိုက်သည့် ခဏမှာပင်, ညံ့သက်နွေးထွေးသည့် ရနံ့က လေထုထဲ စိမ့်ဝင်ပျံ့နှံ့သွားသည်။ သည်ရနံ့က သူ အလွန် ရင်းနှီးကျွမ်းဝင်နေသည့် ရနံ့ဖြစ်သည်။ မြေပြင်ပေါ် ပြန့်ကျဲသွားခဲ့သည့် ကျောက်စိမ်းနှင်းပွင့် ဆေးလုံးများနှင့် တထပ်တည်းပင်။

ဘိုင်ယန်ရှင်းအန် ဖြူရော်သွားသည်။ မျက်လုံးများက အံ့သြလွန်း၍ ပြူးကျယ်သွားသည်။

“မဖြစ်နိုင်ဘူး.....” ချင်းယန်ကလန်၏ တပည့်တစ်ယောက်အနေဖြင့်, ဘိုင်ယန်ရှင်းအန်က ကျောက်စိမ်းနှင်းပွင့်ဆေးကို အကြိမ် မရေတွက်နိုင်အောင် ဖော်စပ်ခဲ့ရသည်။ သည်ဆေးလုံး၏ ရနံ့က သူမနှလုံးသားမှာ နက်ရှိုင်းစွာ စွဲထင်နေခဲ့လေပြီ။

ပါရမီရှင်သမားတော်Where stories live. Discover now