၁၉၅။ “ခေါင်းတလားကို ဖွင့်ခြင်း - ၂”
ဂျန်ဝုရှီက သားရဲကြီးပေါ်မှ ခုန်ဆင်း၍ မျက်နှာထား တင်းမာနေသည့် ဂျန်ချင်းကို ကြည့်ပြီးလျှင် ပြောသည် “ဦးလေး, ကျမ ဝိညာဉ်ကျောက်စိမ်းကို လွှဲမပေးတော့ဘူး, အုတ်ဂူကို မထိနဲ့။”
“ဘယ်လို” ဂျန်ချင်းက တုန်လှုပ်ချောက်ချားစွာ မေးသည်။
ထိုစဉ်, လောင်ချီက အံ့ဩသံဖြင့် အော်လိုက်သည်။
“သခင်ကြီး, လာကြည့်ပါအုံး။”
သူက ဂျန်ဂု၏ ခေါင်းတလားကို ဖွင့်ပြီးနေပြီ။ သူက တုန်လှုပ်နေ၏။
ဂျန်မိသားစုဝင်သုံးယောက်က အပြေးအလွှား သွားကြည့်ကြသည်။
သူတို့က ခေါင်းတလားထဲ ကြည့်လိုက်လျှင် အံ့ဩသွားသဖြင့် ပြောစရာစကား ကင်းမဲ့သွားကြသည်။
“ဒါက ဘယ်လိုဖြစ်.....”ဂျန်ရှင်းယန်က တုန်လှုပ်နေဆဲ ဖြစ်ပြီး တုန်ယင်နေတာကို မရပ်တန့်နိုင်တော့ပေ။
ခေါင်းတလားထဲတွင် ချောမောသည့် လူတစ်ယောက်က လဲလျောင်းနေသည်။ သူ့မျက်နှာက အေးချမ်းနေသည်။ ထိုစဉ် အုတ်ဂူပတ်လည်တွင် ရှိနေသည့် ရူလင်းစစ်သားများက ထိုမျက်နှာကို မြင်လိုက်ရလျှင်, သူတို့အားလုံး ခံစားချက် ပြင်းထန်လာပြီး မြေပြင်ပေါ် လဲကျလုမတတ် ဖြစ်သွားကြသည်။
ဆယ်နှစ်။
ဆယ်နှစ်ကြီးများတောင်။
သူတို့ သည်မျက်နှာကို မမြင်ခဲ့ရတာ ဆယ်နှစ်ကြာညောင်းခဲ့ပြီ။ သူတို့အားလုံး လေးစားမြတ်နိုးခဲ့ရသူ၏ မျက်နှာကို စူးစိုက်ကြည့်နေကြရင်း ဝမ်းမနည်းဘဲ မနေနိုင်ကြတော့ချေ။ သူတို့က သူ့ကို လွန်ခဲ့သည့် ဆယ်နှစ်က ဒီခေါင်းတလားထဲ ထည့်ပြီးကတည်းက မမြင်ကြရတော့ချေ။ သူ့တို့က သည်မျက်နှာကို ထာဝရ မှတ်သား ထားခဲ့ကြသည်။