၁၅၉။ တရားဆုံးဖြတ်သူ - ၁

1.3K 112 0
                                    

၁၅၉။ တရားဆုံးဖြတ်သူ - ၁

“ဒူးထောက်” ဂျန်ဝုရှီ၏ ရယ်စစ လေသံက ခန်းမထဲတွင် ပဲ့တင်ထပ်သွားသည်။

မိုရွှမ်ဖေးက သူကြားရတာကို တွေးတောလိုက်လျှင် မယုံကြည်နိုင်၍ စူးစူးရဲရဲ ကြည့်နေမိသည်။ သူက အံ့သြမှင်တက်နေပြီး ခွန်းတုံ့ပင် မပြန်နိုင်တော့ပေ။

မိုရွှမ်ဖေးသာ မက, ဂျန်ဝုရှီဘေးရှိ မိုချင်းယွမ်သည်ပင် ဗြုန်းခနဲ ထရပ်မိသွားသည်။

“နင်.....” မိုရွှမ်ဖေးက ဆက်ပြောချင်နေသည်။ သို့သော် ဂျန်ဝုရှီက သူ ပြောမည့် အမှိုက်စကားများကို မကြားလိုတော့၍ သူမလက်ချောင်းများကို ဖျတ်ခနဲ လှုပ်ရှားလိုက်သည်။ အနီရောင်အလင်းနှစ်ချက်က ဖျတ်ခနဲ လက်သွားပြီး မိုရွှမ်ဖေး၏ ဒူးခေါင်းသို့ ပြေးဝင်သွားသည်။

လူတိုင်း ဘာလုပ်ရမှန်း မသိခင်မှာပင် မိုရွှမ်ဖေးက ငယ်သံပါအောင် အော်၍ ဂျန်ဝုရှီရှေ့တွင် ဒူးထောက်ကျသွားသည်။ သူပွေ့ဖက်ထားသည့် ဘိုင်ယန်ရှင်းအန်ပါ သူနှင့် အတူတူ ကြမ်းပြင်ပေါ်သို့ ဘန်းခနဲ လဲကျသွားသည်။

ဂျန်ဝုရှီက မိုရွှမ်ဖေး၏ မျက်နှာကို အပေါ်စီးမှ ကြည့်လိုက်သည်။

“နင် ပြောချင်တာကို ဒူးထောက်နေရင်း ပြော။”

ဂျန်ဝုရှီ၏ အပြုံးက ပီပြင်လွန်းအားကြီးနေသည်။ သူမက ရောင်ခြည်ဖြာထွက်မလိုလိုပင်။ မိုရွှမ်ဖေး၏ ဒူးခေါင်းများမှ သွေးများထွက်လာပြီး တောက်ပြောင်နေသည့် အောက်ခံကျောက်ပြားများသို့ စီးကျနေသည်။

ဝင့်ကြွားလွန်းသည့် ဘုရင့်အမျိုးအနွယ်များက ဘုရင့်မိသားစုနှင့် ကွဲပြားအောင် တခြားသူများကို ဒူးထောက်ခစားစေကြသည်။ သူတို့က ဒူးထောက်တာကို သဘောကျနေမှတော့ သူတို့ကိုယ်တိုင်လည်း ဒူးထောက်တတ်ဖို့ ကြိုးစားရမည် ဖြစ်သည်။

ကျယ်ပြန့်သည် ခန်းမထဲရှိ လေထုက တင်းကျပ်သွားပြီး လူတိုင်းက အာစေးထည့်ထားသလို ပြူးကျယ်နေသည့် မျက်လုံးများဖြင့် ဂျန်ဝုရှီကို ငေးစိုက်ကြည့်နေကြသည်။

ပါရမီရှင်သမားတော်Where stories live. Discover now