၅၈။ မွေးနေ့ပွဲ - ၃

1.5K 161 0
                                    

၅၈။ မွေးနေ့ပွဲ - ၃

“မစိုးရိမ်ပါနဲ့ ဖိုးဖိုး, ဖိုးဖိုး ပြောတဲ့ ဟာတွေကို ဆရာကလည်း စဉ်းစားထားပါတယ်၊ မနက်ဖြန် ဦးလေး အသုံးပြုဖို့ တစ်ခုခုကို သမီး ပေးပါ့မယ်၊ အဲဒါက ဦးလေးကို အန္တရာယ်ဖြစ်စေမှာ မဟုတ်ပါဘူး၊ အဲဒါက ဦးလေးရဲ့ ကျန်းမာရေးကို ဖုံးကွယ်ပေးထားပြီး တခြားသူတွေအမြင်မှာ ဦးလေးရဲ့ သွေးခုန်နှုန်းနဲ့ ရောဂါလက္ခဏာတွေက သူတို့တွေးထားသလို အသက်မျှင်မျှင်လေးပဲ ကျန်တော့တယ်လို့ ထင်မြင်စေလိမ့်မယ်။” သူမက သည်အကြောင်းကို တွေးမိတာ ကြာပြီမို့ တင်ကြို၍ ဆေးလုံးများကို ပြင်ဆင်ထားခဲ့သည်။ ယင်းဆေးလုံးက မွေးနေ့ပွဲတွင် အချို့အရေးပေါ် အခြေအနေမှာ အဟန့်အတားသဖွယ် ဆောင်ရွက်နိုင်မည် ဖြစ်သည်။

ဂျန်ရှင်းယန်နှင့် ဂျန်ချင်းက ဝမ်းသာသွားကြသည်။ သူမဆရာက အလွန်အမြော်အမြင်ရှိပြီး အရာရာကို အလိုက်တသိ ပြင်ဆင်ပေးထားသည်မဟုတ်လား။

ကြည့်ရတာ သူမဆရာက သူတို့ မိသားစုကို ကူညီဖို့ ဆုံးဖြတ်ထားဟန် ရသည်။

ပြန်လည်အားဖြည့်နေစဉ်အတွင်း, ဂျန်ချင်းက သူ့ခြေထောက်များကို ပြန်ကောင်းစေရုံတင်မက, သူ့တစ်ကိုယ်လုံးကိုလည်း အတွင်းထဲမှပင် အားအင်ပြည့်ဖြိုးပြီး ကြံ့ခိုင်လာစေခဲ့သည်။ တစ်ဖက်မှာလည်း ဂျန်ရှင်းယန်၏ ကျန်းမာရေးက အလွန်တိုးတက်လာပြီး သူ့တစ်ကိုယ်လုံးက ပိုမို သန်စွမ်းလာခဲ့သည်။ သူ့စိတ်ကလည်း ရှင်းလင်း ပြတ်သားလာခဲ့သည်။ သူ့တစ်ကိုယ်လုံး အထွတ်အထိပ်အခြေအနေမှာ ရှိနေခဲ့ပြီ။

“သမီးဆရာက လင်းအိမ်တော်အတွက် ကြီးကြီးမားမား အထောက်အကူပြုခဲ့တာပဲ၊ ငါတို့က သူ့ကို အမြဲတမ်း ကျေးဇူးတင်တယ်ကွယ်။” ဂျန်ရှင်းယန်က သက်ပြင်းချလိုက်သည်။ အရှာရခက်သည့် သူမဆရာက သူတို့ မိသားစုကို အများကြီး ကူညီပေးခဲ့ပါလျက် သူတို့အား မည်သည့် တောင်းဆိုမှုကိုမျှ မလုပ်ခဲ့ပေ။

“သူက ဂရုမစိုက်ပါဘူး” ဂျန်ဝုရှီက ကြေကွဲနေဟန်ဖြင့် မျက်လွှာချကာ သူမလက်ထဲရှိ ကြောင်နက်လေးကို ပွတ်သပ်‌ပေးနေသည်။

ပါရမီရှင်သမားတော်Where stories live. Discover now