၆၉။ အချစ် - ၁

1.6K 171 0
                                    

၆၉။ အချစ် - ၁

မိုချင်းယွမ်က တကယ်ပင် ပါးနပ်သူ ဖြစ်သည်။ ညစာစားပွဲကျင်းပပြီး, နောက်နေ့ မနက် စောစောမှာပင်, ‘ဝုရှီနဲ့ သားတော်က အဆင်ပြေနေပြီ’ဟူ၍ အကြောင်းပြ ယိုးမယ်ဖွဲ့၍ ဂျန်ဝုရှီကို နန်းတော်သို့ ဖိတ်လေ၏။

ဂျန်ရှင်းယန်နှင့် ဂျန်ချင်းက အကြီးအကျယ် အံ့အားသင့်သွားကြသည်။ သူတို့က ဘာ့ကြောင့် မိုချင်းယွမ်က ရုတ်တရက် ဂျန်ဝုရှီကို ဖိတ်ခေါ်သလဲဆိုတာကို နားမလည်ကြချေ။ ဂျန်ဝုရှီက ဖိတ်ခေါ်ခြင်းကို လက်ခံလိုက်တော့ သူတို့က ပိုလို့ပင် အံ့အားသင့်ကုန်သည်။ သူတို့က ကူကယ်ရာမဲ့စွာ သူမကို သူမစိတ်တိုင်းကျ သွားခွင့် ပြုကြသည်။

ဂျန်ဝုရှီက မိုချင်းယွမ်၏ စာကြည့်ခန်းသို့ ဖြတ်ကျော်ဝင်လိုက်ချိန်က မွန်းတည့်ချိန် ဖြစ်နေပြီ။ သူမက လက်တစ်ဖက်ဖြင့် သူ့လက်ကောက်ဝတ်ကို ကိုင်၍ သွေးကြောကို စမ်းသပ်နေသည်။

“နင့် အဖိုးက တကယ့်ကို နင့်ကို လာခွင့်ပြုတာလား” မိုချင်းယွမ်က လက်တစ်ဖက်ဖြင့် မေးထောက်ထားကာ သွေးကြောစမ်းသပ်ခြင်းမှာ အာရုံစိုက်နေသည့် ဂျန်ဝုရှီကို မယုံကြည်နိုင်သည့် လေသံဖြင့် မေးသည်။

ခု နောက်ပိုင်းမှာ ဘုရင့်မိသားစုက လင်းအိမ်တော်ပေါ်မှာ ငဲ့ကွက်မှု သိပ်မရှိတော့ပေ။ ဆက်ဆံရေးက တင်းမာနေကြသည်။ ဂျန်ရှင်းယန်က ဂျန်ဝုရှီကို တစ်ယောက်တည်း လာခွင့်ပြုလိုက်တာကို သူ အံ့အားသင့်နေသည်။

ဂျန်ဝုရှီက သူ့ကို ကြည့်ပင် မကြည့်ဘဲ ဆက်လက် စမ်းသပ်စစ်ဆေးနေရင်း ပြောလိုက်သည် “အသုံးမကျတဲ့ မင်းသားဆီမှာ ဘာကြောက်နေစရာ ရှိနေလို့လဲ။”

“.............” မိုချင်းယွမ်၏ ပါးစပ်က အနည်းငယ် တွန့်ကွေးသွားသည်။ သည်မိန်းကလေး၏ ပါးစပ်က တကယ့်ကို လျှာစောင်းထက်လှသည်။ သူက ကြောင်နက်လေးကို လှမ်းကြည့်လိုက်သည်။ ကြောင်နက်လေးက သူမ၏ ခြေထောက်နားမှာ ခွေအိပ်နေသည်။ ညက အဖြစ်အပျက်ကို သူက ပြန်လည် သတိရလိုက်သည်။ သူက မသိမသာ တံတွေးမျိုချမိသည်။ အမွှေးပွကြောင်လေးကို ကြောက်လန့်နေခြင်းက စွဲထင်လို့ နေသည်မို့ သူ့နှလုံးက လျင်မြန်စွာ ခုန်လာသည်။

ပါရမီရှင်သမားတော်Where stories live. Discover now