၁၄၅။ ယုတ်မာသည့် မိန်းမ - ၃

1.4K 101 5
                                    

၁၄၅။ ယုတ်မာသည့် မိန်းမ - ၃

မိုရွှမ်ဖေးက ယုလင်းစစ်သား ငါးဆယ်ကို မြို့တော်တွင် နေရာအနှံ့ တပ်ဖြန့်လိုက်သည်။ ဘိုင်ယန်ရှင်းအန်၏ ညွှန်ကြားချက်ဖြင့် မည်သူမျှ အချင်းချင်း နီးစပ်မနေကြချေ။

မိုရွှမ်ဖေးက ဘိုင်ယန်ရှင်းအန်၏ ရည်ရွယ်ချက်ကို သေချာ မသိချေ။ သို့သော် သူမ ရှင်းပြတော့ နောက်ဆုံးတွင် နားလည်သွားသည်။

ဘိုင်ယန်ရှင်းအန်က အဆိပ်ကို သာမန်ပြည်သူများထံ ပျံ့နှံ့စေလိုသည်။ လူများက အဆိပ်မိသွားသည်နှင့် ခန္ဓာကိုယ်ကွင်းဆက်ဖြစ်ပြီး ပေါက်ကွဲကာ, လေထုထဲတွင် အဆိပ်က လျင်မြန် ထူထပ်စွာ ပျံ့နှံ့သွားမည် ဖြစ်သည်။ ထို့နောက် မြို့တော်ထဲရှိ ရူလင်းစစ်တပ်ဆီ ဆက်လက် ပျံ့နှံ့သွားမည် ဖြစ်သည်။

သူမက မြို့တော်ရှိ သာမန်ပြည်သူများကိုပင် သူတို့၏ သေခြင်းတရားသို့ ဆွဲယူလေ၏။

“ယန်ရှင်းအန်, နင်.....” မိုရွှမ်ဖေးက ကြောက်ရွံ့ထိတ်လန့်သဖြင့် နောက်သို့ ဆုတ်လိုက်မိသည်။ သူ့မျက်နှာက ဖြူဖျော့သွားသည်။

ဘိုင်ယန်ရှင်းအန်က သူသည်ပင် လွန်လွန်ကဲကဲ အရေးပေးရလောက်အောင် မောက်မာသည့် မိန်းကလေးဟူ၍ သူက အမြဲတမ်း မှတ်ယူထားသည်။ သူမက အေးစက်စက်အသွင် ဖြစ်နေသော်လည်း ရှုပ်ထွေးခက်ခဲသည့် မိန်းကလေးမဟုတ်ဟူ၍လည်း သူ မှတ်ယူထားသည်။

ကနေ့ သူမကို မြင်ရသလောက်တော့, သူမကို သူ သေချာ မသိသေးမှန်း သဘောပေါက်သွားသည်။

သန်းချီနေသည့် မြို့တော်ရှိ ပြည်သူများကို သူမက မျက်တောင်တစ်ချက်မခတ် သတ်ဖြတ်ဖို့ ရည်ရွယ်နေသည်။

ဘိုင်ယန်ရှင်းအန်က မိုရွှမ်ဖေးကို အေးစက်စွာ ကြည့်၍ အပြစ်တင်လေ၏ “နင်သာ အရည်အချင်း ပြည့်ဝနေရင်, ငါ့ကို ဝင်စွက်ဖက်ဖို့ နင် ပြောမှာလား၊ နင်က ကံဆိုးတဲ့ သာမန်ပြည့်သူတွေကို အခုမှ စာနာစိတ် ဖြစ်လာတာလား, စိုးရိမ်ပူပန်နေတာလား။”

ပါရမီရှင်သမားတော်Where stories live. Discover now