၈၅။ ဆိုးယုတ်သည့် ရည်ရွယ်ချက် - ၃

1.5K 161 3
                                    

၈၅။ ဆိုးယုတ်သည့် ရည်ရွယ်ချက် - ၃

သို့သော် အခု သူတို့၏ စိတ်ထားများက ပြောင်းလဲသွားကြပြီ။ လက်ရှိ ဂျန်ဝုရှီက မိုရွှမ်ဖေးကို မျက်စိထဲမှာပင် ထည့်မထားချေ။ တစ်နေ့လုံး ရှိနေလျှင်တောင်, သူက လုံးလုံးလျားလျား လျစ်လျူရှူခံရမည် ဖြစ်သည်။ သည်လို ဖြစ်သွားတာက တကယ့်ကို မိုရွှမ်ဖေးကို မပျော်မရွှင် ဖြစ်စေသည်။

မိုရွှမ်ဖေး တွေးထားတာက... သူ စွန့်ပစ်တာကို ခံရသည့် ဂျန်ဝုရှီက, သူ့အချစ်သစ်နှင့် လက်တွဲနေတာကို မြင်ရလျှင်, သူမက ငိုယိုပြီး သူ့ကိုယ်သူ ကြိုးဆွဲချလိမ့်မည်, သို့မဟုတ် သူ့ကို ဒူးထောက် တောင်းပန်လိမ့်မည်ဟူ၍ ဖြစ်သည်။ သို့သော် သူမက ဘာမျှ ဖြစ်မသွားသလို ပြုမှုနေပြီး သူ့ကို မမြင်ရသလိုပင် ဆိုးရွားစွာ ဆက်ဆံနေလေ၏။ အဆိုးဆုံးက, သူမက အိမ်ရှေ့စံနှင့် ငြိနေခြင်းပင်။ သည်လို ဖြစ်လိမ့်မည်ဟူ၍ မည်သူက သိမည်နည်း။

သည်အရာက သူ တွေးထားသည်နှင့် လုံးဝ ကွဲပြားခြားနားနေသည် မဟုတ်လား။

သူ စွန့်ပစ်လိုက်သည်နှင့် ဂျန်ဝုရှီက အသဲဟက်တက်ကွဲနေမည် မဟုတ်လော။ ဘယ်လိုလုပ်ပြီး သူမက တည်ငြိမ်နေနိုင်ရသနည်း။

မိုရွှမ်ဖေး၏ စကားများက မိုချင်းယွမ်၏ မျက်လုံးများကို သတ်ဖြတ်လိုသည့် စိတ်ဆန္ဒများဖြင့် လင်းလက်စေလေ၏။

“ငါ ဘယ်သူ့ ရွေးရွေး, ငါ စိတ်ဝင်စားလို့ပဲ, ညီငယ်က ဒါကို စိုးရိမ်နေစရာ မလိုပါဘူး။”

မိုရွှမ်ဖေး၏ မျက်လုံးများက ဂျန်ဝုရှီကို တစ်ချိန်လုံး စူးစိုက် ကြည့်နေသည်။ သူမက တုံ့ပြန်မှု မရှိတာကို တွေ့မြင်ရလျှင်, သူ့နှလုံးက ပိုမို၍ ဒေါသထွက်လာပြီးလျှင် သူက ပေါ်တင်ပင် ပြောတော့သည် “တော်ဝင်အကိုတော်က အထင်လွဲနေတာကိုး၊ ညီတော်က တော်ဝင်အကိုတော်ကို စိုးရိမ်ပူပန်နေလို့ပါ၊ ငါတို့ တိုင်းပြည်ရဲ့ အိမ်ရှေ့စံ မင်းသားတစ်ပါးအနေနဲ့, သတို့သမီးကို ဘယ်သူ့ ရွေးရွေး, ရွေးနိုင်တာပါပဲ၊ သူမက တိုင်းပြည့်မိခင် ဖြစ်လာရတော့မှာ၊ တစ်ချို့လူတွေက ရုပ်တော့ ချောပါရဲ့ .... အစစ်အမှန် တောက်ပြောင်မှုဆိုတာ မရှိကြဘူး၊ တော်ဝင်အကိုတော်က သူမကို ကောင်းကောင်း မသိသေးလို့ပါ၊ တော်ဝင်အကိုတော် အရူးလုပ်ခံရမှာကို ညီတော် တကယ် စိုးရိမ်နေတာပါ။”

ပါရမီရှင်သမားတော်Where stories live. Discover now