၁၉၁။ "ငါ သန်မာဖို့ လိုတယ် - ၁"

1.2K 91 0
                                    

၁၉၁။ “ငါ သန်မာဖို့ လိုတယ် - ၁”

ဂျန်ဝုရှီက လင်းအိမ်တော်သို့ ချက်ချင်း ပြန်လာပြီးလျှင် ဂျန်ရှင်းယန်, ဂျန်ချင်းတို့နှင့် အတူ စာကြည့်ခန်းတွင် အစည်းအဝေးထိုင်သည်။ သူမက ဝိညာဉ်ကျောက်စိမ်းအကြောင်းကို သူတို့အား ပြောပြသည်။

ဂျန်ရှင်းယန်၏ အမူအရာက အလွန် တည်ကြည်လေးနက်သွားပြီး သက်ပြင်းချကာ ပြောသည် “ဝိညာဉ်ကျောက်စိမ်းကို နင့်အဖေနဲ့ အတူ မြှုပ်နှံပေးခဲ့တယ်။”

ဂျန်ဝုရှီက တိတ်ဆိတ်စွာသာ နေပြီး ဂျန်ရှင်းယန်နှင့် ဂျန်ချင်းတို့၏ အမူအရာများကို သေချာစူးစမ်းသည်။ သားအဖနှစ်ယောက်က သူမအဖေ အနားယူနေတာကို မနှောင့်ယှက်လိုတာ သူမ သိလာရသည်။

ဂျန်ရှင်းယန် ပြောပုံအရ, သည်ကမ္ဘာပေါ်တွင် ကွယ်လွန်သူများ၏ ပါးစပ်ထဲတွင် ကျောက်စိမ်းထည့်၍ မြှုပ်နှံပေးသည့် ဓလေ့ရှိနေတာကို သူမ သိရှိရသည်။ သည်လိုလုပ်ခြင်းက မိစ္ဆာများကို နှင်ထုတ်နိုင်ပြီး ငြိမ်းချမ်းစွာ အနားယူနိုင်သည်ဟူ၍ ယုံကြည်ထားကြသည်။ ကွယ်လွန်သူ၏ ပါးစပ်ထဲတွင် ကျောက်စိမ်းထည့်၍ မြှုပ်နှံခြင်းဓလေ့ကို ဂျန်ဝုရှီက သူမအရင်ဘဝတွင်လည်း ကြားခဲ့ဖူးသည်။ သည်ဓလေ့က ကြာမြင့်စွာ တည်ရှိလာခဲ့သည့် ရှေးဟောင်းဓလေ့ ဖြစ်သည်။

ဝိညာဉ်ကျောက်စိမ်းကို သူတို့မိသားစုအား တိုင်းပြည်ထူထောင်သူ ဘုရင်ကြီး ချီးမြှင့်ပေးခဲ့ပြီး ချီတိုင်းပြည်၏ သင်္ကေတလည်းဖြစ် ဂုဏ်သိက္ခာလည်း ဖြစ်သည်။ တိုက်ပွဲတွင် ဂျန်ဂု အသတ်ခံရတော့, ဂျန်ရှင်းယန်က ဖွတ်ဖွတ်ညက်ညက် ကြေကွဲသွားရပြီး သူ့အတိတ်နှင့် ချိတ်ဆက်နေခဲ့သည့် အရာများက တိုက်ပွဲအောင်မြင်မှုများ ဂုဏ်သိက္ခာများဖြစ်သည်။ ထိုအရာများက သူ့ဆုံးရှုံးမှုကို အပြည့်အဝ နာကျင်စေခဲ့သည်။ ထို့နောက် သူက ဝိညာဉ်ကျောက်စိမ်းကို သူ့သား ဂျန်ဂုနှင့် အတူ မြေမြှုပ်ပေးဖို့ ဆုံးဖြတ်လိုက်သည်။

သည်လောက် နှစ်များစွာ ကြာပြီးနောက်, ချင်းယန်ကလန်က ဝိညာဉ်ကျောက်စိမ်းမျှကိုသာ လာရှာမည်ဟူ၍ မည်သူ ထင်မိမည်နည်း။

ပါရမီရှင်သမားတော်Where stories live. Discover now