၂၉။ ပျောက်ကင်းစေသည့်လက်များ - ၃

1.7K 213 0
                                    

၂၉။ ပျောက်ကင်းစေသည့်လက်များ - ၃

ဂျန်ချင်းက ဆေးရေကန်ထဲတွင် စိမ်နေသည်။ ဆေးရည်များကို ဂျန်ဝုရှီက သူ့အတွက် အထူးတလည် ပြင်ဆင်ပေးထားခြင်း ဖြစ်သည်။ သူက သတိလစ်နေဆဲ ဖြစ်သော်လည်း သူ့အခြေအနေက တိုးတက်လာပြီး အသက်ရှူသံက ပုံမှန် ဖြစ်လာသည်ကို သိမြင်နိုင်သည်။ သူ့မျက်နှာက ဖြူရော်နေသော်လည်း သေမလိုပုံစံမျိုးတော့ မဟုတ်တော့ချေ။ သည်အနေအထားကို ထိုလူက မြင်နိုင်သော်လည်း သူက စိတ်တိုနေတုန်းပင် ရှိပြီး ဂျန်ဝုရှီအပေါ် မကျေမချမ်း ဖြစ်နေလျက် ရှိတုန်းပင်။

သည်တစ်ချိန်လုံး ဂျန်ရှင်းယန်က သူ့သားဘေးမှာ ရှိနေခဲ့သည်။ သူ့သား၏ တိုးတက်လာသည့် အခြေအနေကို တွေ့မြင်ရလျှင် သူက စိတ်သက်သာသွားရသည်။

“တကယ်တော့ ဝုရှီက သူ့သမီးပဲလေ၊ သူမက အရင်တုန်းက နည်းနည်း မရင့်ကျက်ခဲ့ပေမဲ့ အခု သူမက ကြီးပြင်းလာခဲ့ပြီ၊ မင်းက သူမနဲ့ ဆန့်ကျင်ဘက်လုပ်ပြီး မုန်းတီးမနေသင့်ဘူး၊ သူမက.... သူမက မင်းတို့ရဲ့ စောင့်ရှောက်မှုကို လိုအပ်နေပြီး အနာဂတ်မှာ သူမကို ဘေးကင်းအောင် ထားပေးကြရမှာ၊ သူမက ဒါကို လိုအပ်နေမှာ။” သူက စိတ်လက်ရှည်စွာ ရှင်းပြသည်။ ထိုလူက ဂျန်ဝုရှီကို မကြိုက်နှစ်သက်မှန်း သူက သိသည်။ သူက ဖြစ်နိုင်သမျှ ထိုမလိုမုန်းထားမှုကို ပယ်ဖျက်ပေးဖို့ လိုလားနေခဲ့သည်။

ထိုလူက ဆိတ်ဆိတ်သာ နေသည်။ ထို့နောက် သူက ဂျန်ချင်း၏ အသွင်အပြင်က ကောင်းမွန်လာသည်ကို တွေ့ရလျှင် အခန်းထဲမှ ထွက်သွားသည်။

သူမက ရေချိုးသန့်စင်ပြီးနောက် အဝတ်သန့်များဖြင့် လဲလှယ်ဝတ်ဆင်လိုက်သည်။ ဂျန်ဝုရှီက ဆေးစပ်ခန်းမှာ ထိုင်နေပြီး လက်ဖက်ရည်တစ်ခွက်ကို လက်တစ်ဖက်ဖြင့် ကိုင်ထားကာ နောက်တစ်ဖက်ဖြင့် ဆေးအမယ် အမျိုးမျိုးကို စိတ်အားထက်သန်စွာ ချရေးနေသည်။

ဂျန်ချင်း၏ အခြေအနေက တည်ငြိမ်သွားသော်လည်း သူ့မူလ အခြေအနေသို့ ရောက်ရှိရန် ကြိုးစားရအုံးမည်။ သို့အတွက်မို့ သူမက လိုအပ်ရာရာ ဆေးအမယ်များစွာကို အသော့နှင်လို့ ရေးနေရခြင်း ဖြစ်သည်။

ပါရမီရှင်သမားတော်Where stories live. Discover now