အခန်း(၈) မဖိတ်ခေါ်ထားသည့် ဧည့်သည်များ-၂
လင်းအိမ်တော်၏ ခန်းမကြီးထဲတွင် ဧည့်သည်များအား လက်ဖက်ရည်ဖြင့် တည်ခင်းဧည့်ခံထားသည်။
ဧည့်ခံနေရသည့် လူက အသက်သုံးဆယ်ကျော်အရွယ်ရှိသော ကြည့်ကောင်းသည့် ယောက်ျားတစ်ယောက် ဖြစ်သည်။ သူက အပြာရောင်ဖျော့ဖျော့ ဝတ်ရုံကို ဝတ်ဆင်ထားသည်။ သို့သော် သူက ဘီးတပ်ကုလားထိုင်ပေါ်တွင် ထိုင်နေရသည်။ ထိုကဲ့သို့သော လူကောင်းတယောက် အတွက် မသန်မစွမ်း ဖြစ်သွားရတာက အင်မတန် သနားဖွယ်ရာ ဖြစ်သည်။
သူ၏ ညာဘက်ခြမ်းမှာ အဝါရောင်ဖြင့် တောက်ပနေသည့် ပိုးသားဝတ်ရုံကို ဝတ်ဆင်ထားသော ယောက်ျားတယောက် ထိုင်နေသည်။ သူက ချောမောခံ့ညားပြီး ဝင့်ကြွားသည့် လေထုတရပ် သူ့မှာ ရှိနေသည်။ သူ့နောက်ဖက်မှာတော့ အဖြူရောင်ဝတ်စုံဖြင့် လှပတင့်တယ်နေသော အလှလေးတယောက် ရှိသည်။
ကျေးဇူးပြုပြီးတော့ ခဏလောက် စောင့်ဆိုင်းပေးပါ, ဒုတိယမင်းသားလေး၊ ဝုရှီက အပြည့်အဝ မကောင်းသေးတော့ ဒီကို ရောက်လာဖို့ ခဏလောက် ကြန့်ကြာနေတာပါ ဘီးတပ်ကုလားထိုင်ပေါ်မှာ ရှိသည့် လူက ယဉ်ကျေးစွာ ဧည့်သည်များအား ပြောကြားသည်။ သူက ဂျန်ရှင်းယန်၏ အငယ်ဆုံးသား ဂျန်ချင်းပင် ဖြစ်သည်။
ဒုတိယမင်းသားလေး, မိုရွှမ်ဖေးက မထူးခြားသည့် ဟန်ဖြင့် ခေါင်းညိတ်ပြသည်။ သူက ဂျန်ဝုရှီ၏ သတို့သားလောင်း ဖြစ်သော်လည်း တချိန်လုံးမှာမှ သည်တကြိမ်က ပထမဆုံး အလည်အပတ်ရောက်ရှိလာခြင်း ဖြစ၏။ ထို့ပြင် သူက အခြား အမျိုးသမီးတစ်ယောက်ကိုပင် ခေါ်လာခဲ့သေးသည်။
ဂျန်ချင်း၏ မျက်နှာက ဟန်ဆောင်မှု ကင်းမဲ့စွာ မသာမယာ ဖြစ်နေသည်။
မကြာခင်မှာ ဂျန်ဝုယောင်းက ခန်းမထဲသို့ ဝင်ရောက်လာသည်။
မိုရွှမ်ဖေး၏ ထူးမခြားနား မျက်နှာက ချက်ချင်းပင် ပျက်ယွင်းသွားလေသည်။
မိုရွှမ်ဖေးကို ချင်ဘုရင့်နေပြည်တော်တခွင်တွင် အကြည့်ကောင်းဆုံး ယောက်ျားဟူ၍ ပြောနိုင်သည်။ သို့သော်လည်း သူ့သတို့သမီးလောင်းကို သယ်ဆောင်လာသည့် လူက သူ့အဆင့်ကို ကျော်လွန်သွားချေပြီ။