၉။ ဖိတ်ခေါ်မထားသည့် ဧည့်သည်များ(၃)

1.9K 234 0
                                    

အခန်း(၉) ဖိတ်ခေါ်မထားသည့် ဧည့်သည်များ - ၃

ဒီလူယုတ်မာကတော့ ကြောင်နက်လေး၏ အသံက ဂျန်ဝုရှီ၏ ခေါင်းထဲတွင် ပဲ့တင်ထပ်သွားသည်။

သူ့ သတို့သမီးလောင်း၏ ရှေ့တွင် အခြားအမျိုးသမီးတယောက်ကို ပရော်ပရည် တကယ့်ကို လုပ်နေတာပဲ။

မလိုပါဘူး

ဤလောကမှ သမားတော်များက သူမကို နှိပ်စက်နေတာ လုံလောက်နေလေပြီ။

ဂျန်ဝုရှီ ငြင်းပယ်လိုက်ခြင်းက မိုရွှမ်ဖေးနှင့် သူ့အဖော်၏ ပြုံးနေသော မျက်နှာကို ဖျက်ဆီးပစ်လိုက်သည်။

မိုရွှမ်ဖေးက သဘောမကျသည့် လေသံဖြင့် ပြောသည်။ ယွင်ရှန်းက ချင်းယန်ကလန် အဓိပတိရဲ့ တိုက်ရိုက် တပည့်ပဲ

ချင်းယန်ကလန်လား။

ဂျန်ဝုရှီက အနည်းငယ် မျက်ခုံး ပင့်မိသွားသည်။ ဂျန်ချင်း၏ မျက်နှာမှာပင် အံ့သြသည့် အရိပ်အယောင် ပေါ်ထွက်လာရသည်။

ချင်နေပြည်တော်၏ အပြင်ဘက်တွင် အင်အားကြီး အဓိကအုပ်စုများ ရှိကြသည်။ ချင်းယန်ကလန်က တခုအပါအဝင် ဖြစ်သည်။ သူတို့က တိုက်ကြီးများကိုပင် ဖြတ်၍ နာမည် ကျော်ကြားကြသည်။ မျိုးနွယ်အဆက်ဆက် အံတုမရသည့် ဆေးပညာနယ်ပယ်ရှိကြသည်။

သူတို့မှာ တိုက်ကြီးများကိုပင် လှုပ်ခါနိုင်အောင် နာမည်ဂုဏ်သတင်းကျော်ကြားသည့် ထူးချွန်သူများကို ပြုစုပျိုးထောင်ပေးနိုင်သည့် ရှည်လျားသော သမိုင်းရှိကြသည်။ ဂုဏ်သတင်းအကျော်ကြားဆုံး လူမှာ သူတော်စင်နှင့် မနီးယိုးစွဲ အရည်အချင်းရှိသော ကလန်၏ အဓိပတိဖြစ်သည်။ ဘုရင်မင်းမြတ်များသည်ပင် အဓိပတိကို လေးစားကြရသည်။ သူတို့ကို စိတ်ဆိုးအောင် လုပ်မိလျှင် ချင်နေပြည်တော်သည်ပင် ပျက်စီးခြင်းဖြင့် အဆုံးသတ်သွားနိုင်သည်။

ပိုင်ယွင်ရှန်းက အဓိပတိ၏ တပည့်ဆိုတော့ ကလန်မှာ သူမ၏ အဆင့်က အတော် မြင့်၏ဟူ၍ ဆိုလိုသည်။

မိုရွှမ်ဖေးက သူမကို မိတ်ဆက်ပေးပြီးနောက် ပိုင်ယွင်ရှန်းက သူမမေးစေ့ကို မော့ထားလိုက်သည်က သူမ မျက်နှာပေးက ပေါ်လွင်ထင်ရှားလွန်းလာပြီး သူမက ဝိညာဉ်လောကမှ ဖြစ်ပေါ်လာသလိုလို။

ပါရမီရှင်သမားတော်Where stories live. Discover now