၇၃။ ကျောက်စိမ်းဝတ်ရည် - ၂

1.5K 165 0
                                    

၇၃။ ကျောက်စိမ်းဝတ်ရည် - ၂

သူ ဘာမျှ မစားခဲ့ပေ။ သူက တစ်ခွက်တစ်ဖလားသာ သောက်ခဲ့သည်။

“တစ်ယောက်ယောက်က ကျောက်စိမ်းဝတ်ရည်ကို အဆိပ်ခတ်ခဲ့တာလား” မိုချင်းယွမ်၏ မျက်နှာက ရှုံ့မဲ့ကာ ဖြူရော်သွားသည်။ သူက ထမင်းဟင်း စားသောက်လိုစိတ် မရှိခဲ့ချေ။ သူက အရသာရှိသည့် ဟင်းပွဲများကိုပင် စိတ်မဝင်စားခဲ့ချေ။ သူက ဝိုင်ဘုရင်လို့ ခေါ်သည့် ကျောက်စိမ်းဝတ်ရည်ကိုသာ သောက်လေ့ရှိခဲ့သည်။ သူက နေ့စဉ် ခွက်အနည်းငယ် သောက်သုံးခဲ့သည်။

သည်ဝိုင်က, သူ ပမာဏအနည်းငယ်ကိုသာ သောက်သုံးခဲ့ပါလျက်, အချိန်ကြာလာသည်နှင့် အဆိပ်များက စုဝေးလာခဲ့သည်လား။

“နေအုံး” ဂျန်ဝုရှီ၏ အမူအရာက ရုတ်တရက် ပြောင်းလဲသွားသည်။

‘ကျောက်စိမ်းဝတ်ရည်လား’ သူမ သည်အမည်ကို ရင်းနှီးနေသလိုပင်။

မိုချင်းယွမ်က သူမ ဘာစဉ်းစားနေသလဲ မသိမူ၍ အကျဉ်းချုပ်ကာ ရှင်းပြသည်။ “ ဒီဝိုင်က ပထမဘုရင်ကြီးကိုယ်တိုင် ကျိုချက်ထားတဲ့ တန်ဖိုးကြီး ဝိုင်ပဲ၊ သူက ဒီဝိုင်ကို ကိုယ်တိုင် ကျိုချက်တာ၊ ကျိုချက်နည်းက ရှုပ်ထွေးလွန်းတယ်၊  ပထမဘုရင်ကြီး နတ်ရွာစံပြီးတော့ ငါ့အမေကလွဲပြီး ဘယ်သူကမှ ဒီဝိုင်ကို မကျိုချက်နိုင်တော့ဘူး၊ သူမ ကွယ်လွန်သွားပြီးတော့ ဒီဘုရင့်နေပြည်တော်မှာ ဒီဝိုင်ကို ကျိုချက်နိုင်သူ ဘယ်သူမှ ရှိမနေတော့ဘူး၊ ဒါ့ကြောင့် အခု ကျန်ရှိနေတာက ငါ့အမေကိုယ်တိုင် ကျိုချက်ပေးခဲ့တာတွေပဲ။” ယင်းဝိုင်များကို သူမကွယ်လွန်ပြီးနောက် သူ့အား ချီးမြင့်ခဲ့သဖြင့် သူက နေ့စဉ် ဝိုင်အနည်းငယ်ကိုသာ သောက်သုံးခဲ့သည်။ သူ့အမေကို သူ အမြဲတမ်း သတိရနေစေဖို့ ဖြစ်သည်။

မည်သူက ဒီလောကမှာ သည်မျှလောက် ကြမ်းတမ်း ရက်စက်ရသနည်း... တန်ဖိုးကြီး အမှတ်တရလက်ဆောင်ဖြစ်သည့် သည်ဝိုင်ထဲမှာ တကယ် အဆိပ်ခတ်ရက်တယ်လို့။ မိုချင်းယွမ်က လက်သီးကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။ လက်သီးများက ဖြူရော်သွားသည်အထိပင်။ အကြောများကလည်း ထင်းလာပြီး သူ့မျက်လုံးများက နီရဲလာပြီး သတ်ဖြတ်ချင်သည့် အရိပ်အငွေ့များ ဖြတ်သန်းသွားလေ၏။

ပါရမီရှင်သမားတော်Where stories live. Discover now